မြောက်ဦးမြို့နယ်တွင် ရှေးဟောင်း အုတ်အဆောက်အဦတစ်ခု ဖြိုဖျက်ကာ ကားလမ်းပေါက်မှု ရှေးဟောင်းဟုတေသနဌာနမှ တားမြစ်စာထုတ်

မြောက်ဦးမြို့နယ်တွင် ရှေးဟောင်း အုတ်အဆောက်အဦတစ်ခု ဖြိုဖျက်ကာ ကားလမ်းပေါက်မှု ရှေးဟောင်းဟုတေသနဌာနမှ တားမြစ်စာထုတ်
by -
နိရဥ္စရာ
ဓာတ်ပုံ- ဦးကျော်သာညွှန့် ဖေ့စ်ဘုတ်
ဓာတ်ပုံ- ဦးကျော်သာညွှန့် ဖေ့စ်ဘုတ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာအနီး ဝေသာလီခေတ်က ရှေးဟောင်း ဟုတ်အဆောက်အဦငယ်တစ်ခုကို ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုက ဖြိုဖျက်ကာ ကားလမ်းဖေါက်လုပ်နေမှုကို ရှေးဟောင်းသုတေသနဌာနမှ လွန်ခဲ့သည့် ၃ ရက်ခန့်က တားမြစ်စာထုတ်ထားသည်ဟု သိရသည်။

“ကျောက်ထုတ်ကုမ္ပဏီတစ်ခုက လမ်းဖေါက်ဖို့အတွက် ရှေးဟောင်း အုတ်အဆောက် အဦငယ်တစ်ခုကို ဖြိုဖျက်လိုက်တယ် ဆိုတာကို ရှေးဟောင်းသုတေသနဌာနက သိရှိရတဲ့အတွက် ကုမ္ပဏီအနေနဲ့ လမ်းဖေါက်လုပ်မယ်ဆိုရင် အစိုးရဆီခွင့်ပြုစာတင်ပြီးတော့ အစိုးရခွင့်ပြုချက်ရမှ လုပ်ပါ၊ ကိုယ့်သဘောနဲ့ကိုယ်မလုပ်ပါနဲ့လို့ ဌာနက တားမြစ်စာ ထုတ်ထားပါတယ်”ဟု ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနပြတိုက် ဦးစီးဌာနမှူး ဦးညိမ်းလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ အဆောက်အဦသည် ဝေသာလီခေတ်က အုတ်အဆောက်အဦငယ် တစ်ခုဖြစ်ကြောင်း၊ ယခုလက်ရှိတွင် အဆောက်အဦ၏ ပျက်စီးမှုအနေအထားကို အတိအကျမသိရသေးကြောင်း၊ ကွင်းဆင်းစစ်ဆေးဖို့ စီစဉ်နေကြောင်း၊ တားမြစ်ချက်ကို လက်မခံပါက တရားစွဲဆိုသွားမည်ဟု ဆိုသည်။

လက်ရှိမြောက်ဦးတွင် ရှေးဟောင်းသုတေသနဌာန၏ တားမြစ်မှုကို လက်မခံ၍ တရားစွဲဆို ထားသည့် အမှုနှစ်ခုရှိနေပြီး၊ ဝေသာလီ ပေါက်တောပြင်ကျေးရွာတွင် မြို့ရိုးကို ကျူးကျော်၍ ဆောက်လုပ်ထားသည့် အိမ် ၄ ဆောင်ရှိကြောင်း၊ ယင်းဆောက်လုပ်ထားမှုကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဦးညိမ်းလွင်က ပြောသည်။

“တစ်ခါတစ်လေမှာ ပြည်သူတွေက ရှေးဟောင်းသုတေသနနယ်မြေနဲ့ ပတ်သက်ပြီးတော့ နားလည်သဘောမပေါက်တဲ့အခါမှာ ကျူးကျော်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ မြောက်ဦးမြို့ နေရာတစ်ခုတည်းမှာ မဟုတ်ပါဘူး။ ပုဂံ၊ ဟန်လင်းနဲ့ ဗိဿနိုး ရှေးဟောင်း သုတေသန နယ်မြေတွေမှာလည်း ဖြစ်ပေါ်စမြဲပါ။ အဲ့ဒါကို ရှေးဟောင်းသုတေသနဌာနက ပြည်သူတွေ နစ်နာမှု မရှိရအောင်ဆိုပြီးတော့ တရားစွဲဆိုတယ် ဆိုတာထက် ညှိနှိုင်းမှု လုပ်တယ်၊ တားမြစ်မှု လုပ်တယ်၊ တားမြစ်တာကို လက်မခံမှ တရားစွဲဆိုတဲ့အဆင့်ကို လုပ်တာပါ”ဟု ၄င်းကပြောသည်။

တရားစွဲဆိုသည့်အဆင့်တွင်လည်း ရှေးဟောင်းသုတေသနဌာနက တိုက်ရိုက်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် ပြည်နယ်အစိုးရသို့ အဆင့်ဆင့်တင်ပြပြီး ပြည်နယ်အစိုးရမှ တရားစွဲဆိုခွင့်ပြုမှ တရားစွဲဆိုခြင်းဖြစ်သည်ဟု လေ့လာသိရှိရသည်။

(ဓာတ်ပုံ- ဦးကျော်သာညွှန့် ဖေ့စ်ဘုတ်)

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...