လှေစီး ဘင်္ဂလားဒေ့ရှ် ၁၁ ဦး နယ်စပ်တွင် ဖမ်းမိပြီးနောက် ရခိုင်ကမ်းရိုးတန်း လုံခြံုရေး တိုးမြှင့်

လှေစီး ဘင်္ဂလားဒေ့ရှ် ၁၁ ဦး နယ်စပ်တွင် ဖမ်းမိပြီးနောက် ရခိုင်ကမ်းရိုးတန်း လုံခြံုရေး တိုးမြှင့်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်တင်နေသော ဘင်္ဂလားဒေရှ့် နိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးမိပြီးနောက် မောင်တောနယ်စပ် အပါအဝင် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်တွင် မြန်မာ တပ်မတော်(လေ)၊ တပ်မတော် (ရေ) အပါအဝင် လုံခြံုရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ချထားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေရှ့် နိုင်ငံသား ၁၁ ဦးကို မေလ ၁၇ ရက်နေ့၊ နံနက် ရ နာရီအချိန်က မောင်တောမြို့နယ်၊ ဥဒေါင်း (အနောက်) ကျေးရွာ အနီး ကံပူးချောင်းပုစွန်ကန်ဘောင်ပေါ်တွင် အိပ်ပျော်လျက်ရှိနေစဉ် အဆိုပါကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ လာလူမျာ(၄၈နှစ်)ကတွေ့ရှိကာ နယ်ခြားစောင့်တပ်နှင့် ဥဒေါင်း ရဲကင်းစခန်းသို့ အကြောင်းကြားရာမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုုဖမ်းဆီးမိသူများမှာ အမျိုးသားများ ဖြစ်ကြပြီး ထိုုအထဲတွင် အသက်၁၂အရွယ် လူငယ်တဦးပါဝင်သည်။

သူတို့ ၁၁ ဦး ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိရသည်မှာ လူမှောင်ခိုသမားများမှ မလေးရှားနယ်စပ်တွင် ပြဿနာတက်နေ ၍ မော်တော်ဘုတ်ဖြင့် ပို့၍ မရတော့ကြောင်း၊ သို့အတွက် ဘင်္ဂလာဒေရှ့်သို့ ပြန်ပို့မည်ဟု ပြောဆိုကြောင်း၊ မေလ ၁၅ ရက်နေ့  ညအချိန် မောင်တောမြို့နယ် တောင်ပိုင်းသို့ အရောက်တွင် ဘင်္ဂလာဒေရှ့်သို့ ရောက်ပြီဟု လှေသမားများက ပြောဆိုကာ ပင်လယ်ထဲ ရေအနက် ရ ပေခန့်တွင် ချထားခဲ့ကြောင်း၊ ယင်းနောက် ရေကူးပြီး ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။

ယင်းတို့အား ဖမ်းမိသည်နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ မေလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်တွင် မောင်တောမြို့ နယ်၊ မြင်းလွှတ်ချောင်းပေါက်ဝမှ မြင်းလွှတ်(အနောက်)ရွာနေ ရော်ဟီးမူလာ မောင်းနှင်လာသော ငါးဖမ်းစက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်ထားပြီးဖြစ်သည်ဟုပြောသည်။

ယင်းနောက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေတစ်လျှောက် လုံခြံုရေးတပ်ဖွဲ့ဝင်များကို တိုးချဲ့ချထားပြီး ငါးဖမ်းလှေများကို အဓိကထား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အလယ်သံကျော် ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပေါက်တောမြို့နယ် ဆင်တက်မော်သား တစ်ဦးကလည်း “အခု ပင်လယ်ထဲမှာ ရေတပ် သင်္ဘောတွေ အများကြီး သွားလာလှုပ်ရှားနေပါတယ််။ မသင်္ကာတဲ့ လှေတွေကို ခေါ်ယူစစ်ဆေးတာတို့ ရှိနေပါတယ်။ လူကုန်ကူးသူတွေနဲ့ လှေစီးပြီး မလေးရှားကို သွားမယ့်သူတွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်လာတာတွေ ရှိတယ်လို့ သတင်းရတဲ့အတွက် ခုလို ဆောင်ရွက်နေတာလို့ သိရပါတယ်” ဟု ပြောသည်။

မြန်မာ အစိုးရ တာဝန်ရှိသူများ အနေဖြင့်လည်း တပ်မတော်၊ ရဲ စသည့် လုံခြံုရေး တပ်ဖွဲ့ဝင်များကိုသာမက တပ်မတော် (ရေ) နှင့် တပ်မတော် (လေ)ကိုပါ မြန်မာပိုင်နက်အတွင်း ကင်းလှည့်မှုများ ပြုလုပ်နေပြီး ပင်လယ်ထဲတွင် ပိတ်မိသော လှေစီးသွားသူများ အား  မြန်မာရေပိုင်နက်ထဲတွင် ရှိမရှိ ရှာဖွေနေကြောင်း၊ တွေ့ရှိပါကလည်း လူသားချင်းစာနာမှု အကူအညီများ ပေးကမ်းသွားမည် ဟု ပြောဆိုထားသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...