သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ (၆) ကြိမ်မြောက် အမျိုးသားနေ့ကို မြောက်ဦးမြို့နယ်တွင် ကျင်းပ ပြုလုပ်မည်

သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ (၆) ကြိမ်မြောက် အမျိုးသားနေ့ကို မြောက်ဦးမြို့နယ်တွင် ကျင်းပ ပြုလုပ်မည်
by -
နိရဥ္စရာ
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ/ ဓာတ်ပုံ- စိုးသန်းအောင်
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ/ ဓာတ်ပုံ- စိုးသန်းအောင်
ရခိုင်မျိုးနွယ်စုဝင် လူမျိုးတစ်ခုဖြစ်သည့် သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ (၆) ကြိမ်မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဇီးကုန်းကျေးရွာတွင် ဇန်နဝါရီလ ရ ရက်နေ့၌ ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းအမျိုးသားနေ့ကို သက္ကမတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှုများကို ဖေါ်ထုတ်ရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်မတို့ဟာ သက္ကမလူမျိုးဖြစ်တယ်။ ဟိုတစ်ချိန်က စစ်တိုက်တဲ့အခါမှာ ဒိုင်းကာကို ကျွမ်းကျင်စွာ အသုံးပြုပြီး စစ်ကို အနိုင်တိုက်နိုင်ခဲ့ကြတဲ့အတွက် ဒိုင်းနက်ဆိုပြီးတော့ ခေါ်တွင်လာကြတယ်။ ကျွန်မတို့ အနေနဲ့ကတော့ မိမိတို့ရဲ့ မူလလူမျိုးအမည်ဖြစ်တဲ့ သက္ကမလို့ပဲ ခေါ်စေချင်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ အဘက်ဘက်က နိမ့်ကျနေတဲ့ လူမှုရေး၊ ပညာရေးအခြေအနေတွေကို နိုင်ငံတကာက သိစေချင်ပါတယ်။ ဒါကြောင့် ခုလို အမျိုးသားနေ့ကို ကျင်းပပြီး ဖော်ထုတ်ရတာပါ”ဟု သက္ကမအမျိုးသမီး ဒေါ်သန်းသန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယင်း ၆ ကြိမ်မြောက် သက္ကမလူမျိုးတို့၏ အမျိုးသားနေ့တွင် ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ သက္ကမ လူမျိုးတို့၏ သမိုင်းကြောင်းနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို တတ်သိ နားလည်သူများက ရှင်းလင်းပြောကြားသွားမည်ဟု သိရသည်။

ရိုးရာအကဖြင့် တင်ဆက်ကပြခြင်းကို ဇန်နဝါရီလ ၆ ရက်နေ့ သက္ကမ အမျိုးသားနေ့ အကြိုနေ့ ညနေကတည်းက တင်ဆက်ကပြသွားမည်ဟု အခမ်းအနားစီစဉ်နေသူတစ်ဦးကပြောသည်။

ယင်းအခမ်းအနားသို့ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှ သက္ကမလူမျိုးများနှင့် ပြင်သစ်နိုင်ငံရောက် သက္ကမအမျိုးသမီးတစ်ဦးလည်း တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်ရှိ ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ အစိုးရဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

သက္ကမ (ဒိုင်းနက်) လူမျိုးများသည် ရခိုင်ပြည်နယ်၏ အိမ်နီးချင်းနိုင်ငံ တစ်ခု ဖြစ်သော ဘင်္ဂလာဒေ့ရှ်တွင်လည်း ကျေးရွာများဖြင့် ပျံ့နှံ့ နေထိုင်ကြသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...