မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ ယိုးတရုပ်ရွာမှ ဖမ်းဆီးစစ်ဆေးခံရသူ ၁၅ ဦးထဲမှ ၁၁ ဦးပြန်လွတ်

မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ ယိုးတရုပ်ရွာမှ ဖမ်းဆီးစစ်ဆေးခံရသူ ၁၅ ဦးထဲမှ ၁၁ ဦးပြန်လွတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှ မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံရသူ ၁၅ ဦးထဲမှ ၁၁ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

“ မနေ့က ၁၁ ဦး ပြန်လည် လွတ်မြောက်လာပါတယ်။ ၄ ဦးကျန်နေဆဲ ဖြစ်ပါတယ်။ လွတ်လာတဲ့သူတွေရဲ့ နာမည်တွေတော့ မသိပါဘူး။ အားလုံး ယိုးတရုပ်ရွာက ဖြစ်ပါတယ်” ဟု ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

ဆက်လက် ဖမ်းဆီးခံနေရသူ ၄ ဦးမှာ ဦးယဉ်မောင်၊ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ကိုနိုင်နိုင် (၃၅)နှစ်နှင့် ကိုအောင်အောင် (၃၃) နှစ်၊ အုတ်ဖို အစောင့် အဖိုးကြီး တစ်ဦးတို့ ဖြစ်ကြသည်။

“ ဦးယဉ်မောင်ကို ဖမ်းတာကတော့ မိုင်းပေါက်ကွဲတဲ့ နေရာက ဆာလာအိတ်တစ်လုံးမှာ ဦးယဉ်မောင် နာမည်ပါတယ်ဆိုပြီး ဖမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ခြား အကြောင်းအရာတော့ မရှိဘူးလို့ သိရပါတယ်” ဟု ဦးယဉ်မောင်၏ ယောက်ဖ ဖြစ်သူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိ အချိန်တွင် ကျေးရွာ အခြေအနေမှာ အေးအေးဆေးဆေး ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနှင့် သဲတော် ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယိုးတရုပ်ကျေးရွာသား ၁၅ ဦးခန့် ဖမ်းဆီး စစ်ဆေး ခံခဲ့ကြရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...