ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ဘင်္ဂလီ ၄ ဦးနှင့် လုပ်သေနတ် ၁၄ လက် ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ဘင်္ဂလီ ၄ ဦးနှင့် လုပ်သေနတ် ၁၄ လက် ဖမ်းဆီးရမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ စစ်သင်တန်းပို့ချသူ ၁ ဦး၊ စစ်သင်တန်းတက်ရောက်ပြီးသူ ၃ ဦးနှင့် လုပ်သေနတ် ၁၄ လက် ကို ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်း တွင် ဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော် မတီမှ သတင်းထုတ်ပြန်သည်။

njr0603

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာတွင် စစ်သင်တန်း တက်ရောက် ပြီးသူများနှင့် လက်နက် များ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဇန်နဝါရီ ၄ ရက် နံနက် ၃နာရီခွဲတွင် အဆိုပါကျေးရွာသို့ ရောက်ရှိဖြန့်ခွဲ ပိတ်ဆို့ရှင်းလင်းရာ စစ်သင်တန်းပို့ချသူ မာမက်ကာရက်နှင့် သင်တန်းတက်ရောက်ပြီး သူ ကူမူရူး၊ ဒီမာမွတ်နှင့် မာဒူလားတို့ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂နာရီခန့်တွင် ဒီမာမွတ်၏ ကွမ်းခြံတွင် မြွေရေခွံအိတ်ဖြင့်ထုပ်၍ မြေတွင်မြှုပ်ဝှက် ထားသော လုပ်သေနတ် ၁၄ လက် ဖော်ထုတ်သိမ်းဆည်းရမိသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် သိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...