မြန်မာနှင့် ဘင်္ဂလာဒေချ့် နယ်စပ် တာဝန်ရှိသူများတွေ့ဆုံ၊ ထောင်သားများ လွှဲပြောင်းပေး

မြန်မာနှင့် ဘင်္ဂလာဒေချ့် နယ်စပ် တာဝန်ရှိသူများတွေ့ဆုံ၊ ထောင်သားများ လွှဲပြောင်းပေး
by -
နိရဥ္စရာ
မြန်မာနှင့် ဘင်္ဂလာဒေရှ့် နယ်စပ် တာဝန်ရှိသူများသည် မေလ ၁၉ ရက်နေ့က မြန်မာနယ်စပ် မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့်နယ်မြေတွင် အလံတင် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာ ဘက်က ဘင်္ဂလီ အကျဉ်းသား ၁၄ ဦးကို ဘင်္ဂလာဒေရှ့် နယ်စပ်လုံခြံုရေးတပ်ဖွဲ့ BGB သို့ လွဲပြောင်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ယခု မြန်မာနိုင်ငံတွင် ထောင်ကျနေရာမှ ပြစ်ဒဏ်ကျသည့် ရက်စေ့သွားသောကြောင့် လွဲပြောင်းလိုက်သည့် ဘင်္ဂလီ ၁၄ ဦးထဲတွင် မလေးရှားနိုင်ငံသို့ ရေကြောင်းမှသွားရောက်စဉ် ဖမ်းဆီး ခံရသူ ၁၁ ဦး၊ ငါးဖမ်းသမာ ၂ ဦးနှင့် မြန်မာဘက်ကို တရားမဝင် ၀င်ရောက်ရန် ကြိုးစားသူ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ဘင်္ဂလာဒေရှ့်ဘက်မှ တက်ကနက် BOP စခန်းမှ အရာရှိဖြစ်သူ ဇာကာရီယာ ဦးဆောင်သည့် ၁၇ ဦးနှင့် မြန်မာဘက်မှ မောင်တောခရိုင်အဆင့် အရာရှိဖြစ်သူ ဦးထွန်းထွန်း ဦးဆောင်သည့် ၁၄ ဦးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် နယ်စပ်တလျှောက်တွင် ဖြစ်ပေါ်နေသည့် လူမှောင်ခို တင်ပို့နေသည့် ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း အာဘူလ်ဇာအာရ်ဇာဟီးက သတင်းထောက်များကို ပြောဆိုကြောင်း Coxsbazar news သတင်းတပုဒ်တွင် ဖော်ပြသည်။

အလံတင်အစည်းအဝေးကို နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲအထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...