နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိ

နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိ

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား သြဂုတ်လ ၂၂ ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းမှ လက်ခံရန်အဆင်သင့်လုပ်ထားသော်လည်း တစ်ဦးမျှပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း သိရသည်။

“အခုအချိန်ထိ ထူးခြားမူမရှိသေးပါဘူး၊ ပြန်လည်ဝင်ရောက်လာတာလည်း မရှိသေးပါ” ဟု မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသွားသူဦးရေ သုံးထောင်ကျော်အား ပြန်လည် လက်ခံရန်စီစဉ်ထားပြီး မြန်မာအစိုးရဘက်မှ ပြန်လည်လက်ခံရန်အတွက် အဆင့်သင့်စောင့်ဆိုင်းလျက် ရှိသော်လည်း နေရပ်စွန့်ခွာသွားသူများမှာ မည်သည့်အတွက်ကြောင့် ပြန်မလာကြသည်ကို မသိရသေးပေ။

ယခုလက်ခံရေးအစီအစဉ်မှာ ကုန်းလမ်းမှဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းအမှတ်(၁)နှင့် ရေကြောင်းမှ ဝင်ရောက်လာသူများကို ငါးခူရပြန်လည်လက်ခံရေးစခန်းအမှတ်(၂) တို့ဖြင့် စခန်း ၂ ခုဖွင့်လှစ်ပြီး ပြန်လည်လက်ခံရန်ဆောင်ရွက်ထားကြောင်း သိရသည်။

ယခု ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်စီစဉ်ထားမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တစ်ကြိမ်စီစဉ်ခဲ့သော်လည်း နေရပ်စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ တရားဝင်ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။

မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူဦးရေ ၇ သိန်းခန့်ထွက်ပြေးသွားကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...