ပေါင်မြို့နယ် ရဲပြားကုန်းတောင် ဘုရားကုန်းတော်မှာ မြေပြိုမှုဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေ

ပေါင်မြို့နယ် ရဲပြားကုန်းတောင် ဘုရားကုန်းတော်မှာ မြေပြိုမှုဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေ

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီး ရဲပြားကုန်းတောင်ပေါ်က ဘုရားကုန်းတော်မှာ မြေကျွံမှုများ ဖြစ်ပေါ်နေတာကြောင့် ထပ်မံပြီးတော့ မြေပြိုမှုတွေ ဖြစ်ပေါ်လာမှာကို ဒေသခံများမှ စိုးရိမ်နေကြသည်။

အဆိုပါဘုရားကုန်းတော်ပေါ်ရှိ အရန်စေတီငယ်များမှာ မြေကျွံပြီးတော့ တိမ်းစောင်းနေခြင်း ၊ မြေသားနံရံများ အက်ကွဲနေခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းဘုရားကုန်းတော်ရဲ့တောင်ခြေဘက်မှာတော့ ကျောင်းသူ/သား (၁၄၀)ကျော် ပညာသင်ကြားနေသည့် မူလတန်းကျောင်း တစ်ခုရှိသည်။

ကျောင်းသားမိဘအများစုကတော့ မြေပြိုကျလာမှာကို စိုးရိမ်နေသည့်အတွက် ကျောင်းသူ/ကျောင်းသူအများစုကို ကျောင်းသို့ပို့ဆောင်ခြင်း မရှိတာကြောင့် ကျောင်းသား လေးဆယ်ကျော်သာ ကျောင်းတက်ရောက်ကြောင်း အဆိုပါကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောသည်။

“ အပေါ်မှာဆိုရင် ကျောက်ဖျာ နှစ်ခု သုံးခုလောက်ရှိနေတယ် ကျောင်းနဲ့လည်း တအားကို နီးကပ်နေတယ် ကျလာပြီးဆိုတာနဲ့ ကျွန်မတို့ဆီကို တန်းဝင်းလာမှာ ကလေးတွေရော ဆရာမတွေရော တအား ကြောက်နေရတယ် “ ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

သဲဖြူကုန်းကျေးရွာ မလတ်တောင်မြေပြိုကျမှုဖြစ်စဉ်မှာ အဆိုပါကျောင်းမှာ ပညာသင်ကြားနေသည့် ကျောင်းသူ/သား (၁၂) ဦးပါဝင်ပြီး အသက်ဆုံးရှုံးသွားသည့်အတွက် ကျောင်းသားမိဘများမှ စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ သဲဖြူကုန်းမှာ ပေ ငါးရာလောက်ကွာတာတောင် ကျွန်တော့်သားသမီးတွေ မိသားစုတွေ အောက်ဆုံးကို ရောက်သွားတယ် အခုလို နီးနီးကပ်ကပ်လေးဆိုတော့ ပိုပြီးတော့ စိတ်ခြောက်ခြားစေတယ် ပိုပြီးတော့ စိုးရိမ်စေတယ်” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးစိုးဝင်းက ပြောသည်။

အရင်နှစ်တွေကလည်း ဘုရားကုန်းတော်ပေါ်က မြေတွေပြိုကျခဲ့တာကြောင့် ကျောင်းအနောက်တွင် ကွန်ကရစ်မြေထိန်းနံရံများ ပြုလုပ်ထားရသည်။

တောင်ပေါ်မှာရှိသည့် ဘုန်းကြီးကျောင်းကတော့ မြေကျွံသည့်အန္တာရယ်ရှိတာကြောင့် သြဂုတ်လ (၁၉)ရက် ညပိုင်းကတည်းက ရွှေ့ပြောင်းသွားကြောင်း သိရသည်။

ဓာတ်ပုံ-CJ
June 22, 2026
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု...
June 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique...
June 19, 2026
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ...
June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...