ရခိုင်တွင် H1N1 ရောဂါကာကွယ်ဆေး လုံလောက်မှုမရှိ

ရခိုင်တွင် H1N1 ရောဂါကာကွယ်ဆေး လုံလောက်မှုမရှိ

ရခိုင်ပြည်နယ်အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါကာကွယ်ဆေး လုံလောက်မှု မရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

H1N1 ကာကွယ်ဆေး ၁၀၀၀၀ ကျော်ခန့်သာ ရရှိထားသည့်အတွက် ပြည်နယ်အတိုင်းအတာနှင့် လုံလောက်မှုမရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ရခိုင်ပြည်နယ်မှာက လူဦးရေ နှစ်ဆယ့်ရှစ်သိန်းရှိတယ်လေ၊ ဆေးက တစ်သောင်းဆိုတော့ အသက်အုပ်စုက ငါးနှစ်အောက်ကလေးတွေရယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေရယ်၊ နောက် အသက်ခြောက်ဆယ့်ငါးနှစ်အုပ်စုတွေရယ် ထိုးပေးဖို့ရည်မှန်းထားတယ်” ဟု ၎င်းကပြောသည်။

H1N1 ရောဂါကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO မှ တိုင်းနှင့်ပြည်နယ်များကို လှူဒါန်းခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အနေဖြင့် ကာကွယ်ဆေးအရေအတွက် ၁၀၀၀၀ ခန့်ရရှိခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေး မလုံလောက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာများကို တင်ပြထားပြီး လက်ရှိရရှိထားသော ကာကွယ်ဆေးများဖြင့် ရောဂါအဖြစ်များသည့် မြို့နယ် (၈) ခုတွင် ဆေးထိုးနှံပေးမှုများ လုပ်ဆောင်နေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“ ရောဂါအဖြစ်များတဲ့ မြို့နယ်တွေပေါ့၊ စစ်တွေမှာတော့ ဦးစားပေး အန္တရာယ်ရှိအုပ်စုတွေပေါ့နော် ကျွန်တော်တို့က ထိုးပေးတယ်။ အဲဒီလိုပဲ မြို့နယ်(၈) ခုမှာ ထိုးပေးဖိုလုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှာ ယခုနှစ်အတွင်း H1N1 ရောဂါဖြစ်ပွားသူ ၁၁ ဦးအထိရှိလာပြီး စစ်တွေ၊ မြောက်ဦး၊ မာန်အောင်၊ ဂွနှင့် အမ်းမြို့နယ်များတွင် H1N1 ရောဂါဖြစ်ပွားမှုများရှိနေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...