ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆ သောင်းကျော်အထိရှိလာ

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆ သောင်းကျော်အထိရှိလာ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်ဘေးသင့်ဒုက္ခသည် ၆၁၀၀၀ ကျော်အထိရှိလာကြောင်း စစ်ဘေးဒုက္ခသည်စာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က ထုတ်ပြန်သည်။

မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် စစ်ဘေးရှောင်များ ထပ်မံတိုးလာခြင်းဖြစ်ပြီး မင်းပြားမြို့နယ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

“မင်းပြားမြို့နယ်ကတော့ ဒီတခေါက်မှာ တော်တော်လေးတိုးသွားတယ်။ မင်းပြားမြို့နယ် ကုလားမတောင်အနီးမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရေအတွက်နဲ့ ထွက်ပြေးနေတဲ့ အရေအတွက်က ပိုပြီးတော့ တိုးတာများပါတယ်” ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

ထို့ပြင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း ကျေးရွာများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးမှုများရှိနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးမှုများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တဖြည်းဖြည်းများပြားလာခြင်းမှာ တပ်မတော်စစ်ကြောင်းက ကျေးရွာများအတွင်း အေအေနှင့် ရွာသားများ ရောနှောနေသည်ဟုဆိုကာ ဝင်ရောက်စစ်ဆေးမှုများကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ စာရေးဆရာ မောင်မောင်စိုးက မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ အများဆုံးမှာ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များဖြစ်ပြီး စစ်ရှောင်များကို စာရင်းကောက်ယူရာတွင် အင်တာနက်အခက်အခဲ၊ လုံခြုံရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးဒုက္ခသည်စာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) မှ သိရသည်။

“အခုက တိုက်ပွဲတွေလည်း တော်တော်များများဖြစ်လာတယ်။ ဒီကြားထဲမှာ အင်တာနက်လည်း ပိတ်ထားတယ်။ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲမှာ တပ်မတော်စစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းမှုတွေ၊ ဖမ်းဆီးမှုတွေ ပိုများလာတယ်။ ဆိုတော့ မြေပြင်ကို သွားရောက်ပြီးတော့မှ အလုပ်လုပ်ကြတဲ့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေ ပိုများလာတယ်ပေါ့နော်။ လုံခြုံရေးစိုးရိမ်မှုကြောင့် သတင်းအချက်အလက်တွေ ယူတဲ့အခါမှာ ပိုပြီးတော့ အခက်အခဲတွေ့လာရတယ်” ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များရှိနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...