မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြင့် အသက် ၅၀ အရွယ် ကျေးရွာသားတစ်ဦးကို ဖမ်းဆီးထား

မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြင့် အသက် ၅၀ အရွယ် ကျေးရွာသားတစ်ဦးကို ဖမ်းဆီးထား

မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာနှင့် ရွှေရင်အေးကျေးရွာအကြားတွင် သြဂုတ်လ ၁၆ ရက်နေ့က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုဖြင့် ဗောဓိကုန်းကျေးရွာမှ အသက် ၅၀ အရွယ် ကျေးရွာသားတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

ဗောဓိကုန်းကျေးရွာမှ ဦးကျော်လှဦး အသက် ၅၀ နှစ်အား မိုင်းပေါက်ကွဲမှုဖြင့် သြဂုတ်လ ၁၇ ရက် နေ့တွင် မကျည်းကုန်းနယ်ခြားစောင့်ရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာတာဝန်ခံ ဦးထွန်းစိန်က ပြောသည်။

“မကျည်းချောင်းစခန်းက ဗောဓိကုန်းကျေးရွာကို အိမ်ထောင်စုဝင်ရောက်စစ်ဆေးပါတယ်။ စစ်ဆေးလို့ အားလုံးပြီးမှ သူနာမည်ကိုပြောပြီး နေအိမ်ကိုလိုက်ပြခိုင်းပါတယ်။ နေအိမ်ကတစ်ဆင့် စစ်ဆေးစရာ ရှိတယ်ဆိုပြီး မကျည်းချောင်းစခန်းကိုခေါ်သွားပါတယ်” ဟု ဦးထွန်းစိန်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဦးကျော်လှဦးမှာ ဗောဓိကုန်းကျေးရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင် စားသောက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာအဝင်ဝနှင့် ရဟတ်ယာဉ် ကွင်းအကြားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာအနီးတွင် ငါးရှာနေသည့် ရွှေရင်အေးကျေးရွာသား ဦးမောင်စိုးသိန်းကို ဖမ်းဆီးခဲ့သည်။

၎င်းအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မကျည်းချောင်း ရဲစခန်းမှူး ရဲအုပ်မျိုးမိုးက ပြောသည်။

ထို့ပြင် မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာအနီးတွင်လည်း ဧပြီလ ၂၁ ရက်နေ့က မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

၎င်းပေါက်ကွဲမှုတွင် မောရဝတီကျေးရွာမှ မောင်ကျော်သိန်း ၂၄ နှစ်အားဖမ်းဆီးပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၀(ဈ)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မောင်တောမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေပြီး ထိုသို့ပေါက်ကွဲမှုဖြစ်စဉ်အနီးတွင်ရှိသူများမှာ ဖမ်းဆီးစစ်ဆေးခံရမှုများ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံရမှုများရှိနေသဖြင့် ပေါက်ကွဲမှုဖြစ်သည့် နေရာသို့သွားရောက်ကြည့်ရှုရန်ပင် ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...