စစ်တွေမြို့နယ်အတွင်းသို့ စစ်ဘေးဒုက္ခသည်များထပ်မံခိုလှုံ

စစ်တွေမြို့နယ်အတွင်းသို့ စစ်ဘေးဒုက္ခသည်များထပ်မံခိုလှုံ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့သို့လည်း စစ်ဘေးဒုက္ခသည်များ ရောက်ရှိခိုလှုံလာမှုမှာ တစ်ဖြည်းဖြည်းများလာနေသည်။

လတ်တလောတွင် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာမှ စစ်ဘေးဒုက္ခသည် ၈၀ ခန့် စစ်တွေမြို့နယ် အုန်းရည်ဖော်ကျေးရွာသို့ ရောက်ရှိခိုလှုံရောက်ရှိလျက်ရှိသည်။

ရွှေလောင်းတင်ကျေးရွာသားများမှာ ရွာအနီးက လက်နက်ကြီးပစ်ခတ်သံများကြားရသဖြင့် ကြောက်လန့်ထွက်ပြေးလာကြသည်။

“အကြောက်တရားတွေကတော့ ဒီလိုဘဲ တခြားရွာတွေမှာက ဒီလိုသတင်းတွေ ကြားနေရတာဆိုတော့ ကျွန်တော်တို့ အဲဒါကိုပဲစိုးရိမ်နေတာ။ ကျွန်တော်တို့ရွာရောက်ရင် ဒီလိုဖြစ်နိုင်မလား။ ဒီလိုဖြစ်မှာကို စိုးရိမ်ပြီးတော့ ကျွန်တော်တို့ထွက်ပြေးလာတာပါ။ တခြားရွာတွေလိုဖြစ်မှာကြောက်လို့ပါ” ဟု ရွှေလောင်းတင်ကျေးရွာမှ ဦးသန်းဝင်းက ပြောသည်။

လက်ရှိစစ်တွေမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်စခန်း ၄ ခုအထိရှိလာပြီး ၎င်းစစ်ဘေးဒုက္ခသည်များမှာ နီးစပ်ရာမြို့နယ်များမှ ခိုလှုံလာကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျေးရွာသားများ စစ်ဘေးရှောင်တိမ်းနေရသဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာလည်း ပညာသင်ကြားခွင့်မရဘဲ အကြောက်တရားကြီးစွာဖြင့် စစ်ဘေးဒုက္ခသည်ဖြစ်နေကြရသည်။

“သေနတ်သံကြားလို့ပါ။ ကိုယ့်ရွာမှာဆိုကြောက်ပါတယ်။ လူတွေကိုနှိပ်စက်လို့ပါ” ဟု ရွှေလောင်းတင်ကျေးရွာမှ အသက် ၉ နှစ်အရွယ် မောင်ကျော်ဆန်းလင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှု ၈ လတာအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းနီးပါးရှိလာနေပြီး စစ်တွေမြို့နယ်အတွင်းသို့ ခိုလှုံရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၃၀၀ ခန့် ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...