AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ကို တိုက်ခိုက်ရခြင်းဟု မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ကို တိုက်ခိုက်ရခြင်းဟု မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

ယနေ့ နံနက်အစောပိုင်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)နှင့်တခြားနေရာလေးခုကို ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် မိမိတို့ မဟာမိတ် (၃) ဖွဲ့၏ နယ်မြေအတွင်းပိုင်းအထိ ထိုးစစ်ဆင်လာနေခြင်း၊ ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို ဆက်တိုက် လုပ်ဆောင်နေသောကြောင့် မိမိလှုပ်ရှားနယ်မြေများ ကျဉ်းကြပ်လာခြင်းကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ်တိုက်ခိုက်ရခြင်းဟု အဆိုပါ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်းတွင် ရှမ်း(မြောက်) ၏ "နောင်ချိုမြို့"အဝင် ပြည်ထောင်စုလမ်းမပေါ်ရှိ တိုးဂိတ်အနီးတွင် လည်းကောင်း၊ နောင်ချိုမြို့နယ် လောဝ်ဖန်အနီးတွင်လည်းကောင်း၊ နောင်ချိုမြို့နယ် "ဂုတ်ထိပ်တံတား" အထက်ဖက်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရှောင်လမ်းရှိ တိုးဂိတ်တွင် လည်းကောင်း ၊ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းကို တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းထဲတွင် တာဝန်ထမ်းဆောင်နေသည့် အရပ်သားတစ်ဦးသေဆုံးသွားပြီး တပ်မတော်စစ်သည်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မတော်က မီဒီယာတစ်ချို့ကို ပြောကြားထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...