မိုးရာသီကာလ အိမ်ခြံမြေဈေးကွက်တည်ငြိမ်၍ ထက်ဝက်နှုန်းခန့် ရောင်းချခဲ့သူများရှိ

မိုးရာသီကာလ အိမ်ခြံမြေဈေးကွက်တည်ငြိမ်၍ ထက်ဝက်နှုန်းခန့် ရောင်းချခဲ့သူများရှိ

ကယားပြည်နယ်ရှိ မြို့ပြနှင့် အလှမ်းဝေးသည့်ကျေးရွာနေရာများတွင် ခြံတစ်ကွက်ရောင်းထွက်ရန် အချိန်ကြာမြင့်ပြီး လိုချင်သည့်ဈေးနှင့် ရောင်းမရသောကြောင့် တစ်ဝက်နှုန်းခန့် ဈေးပြန်ချရကြောင်း မကြာသေးမီကမှ ရောင်းထွက်လိုက်သော ကိုအလက်ဇန်းဒြိုကဆိုသည်။

“အိမ်ဆောက်ချင်လို့ရောင်းတာကြာနေပြီ လေးငါးလကြာမှရောင်းထွက်သွားတယ်၊ တစ်ဝက်နှုန်းနဲ့ပဲ” ဟု ၎င်း ကပြောသည်။

မိုးရာသီကာလတွင် အိမ်ခြံမြေနေရာ၊ သွားရေးလာရေး အဆင်ပြေမပြေစသည့် အချက်ပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်သည့်အတွက် ပွဲစားအချို့အလုပ်အကိုင်ပါးနေကြောင်း သိရသည်။

“ နေရာဒေသပေါ်မူတည်တယ်၊ ဥပမာသူတို့သွားရေးလာရေးနဲ့ အဆင်ပြေတယ်ဆိုရင်တော့ ပွဲကောင်းတယ်၊ လောလောဆယ်တော့ မိုးရာသီမို့ ဈေးငြိမ်နေတယ်၊ အရောင်းအထွက်ဆုံးက နွေရာသီနဲ့ ဆောင်းရာသီဖြစ်တယ်” ဟု ဒီးမော့ဆိုမြို့နယ်တစ်ခွင်တွင် မြေကွက်များ ဝယ်ရောင်းလုပ်နေသည့် အမည်မဖော်လိုသူ မြေပွဲစားတစ်ဦးက ဆိုသည်။

၎င်းက ယခုလို မိုးရာသီကာလတွင် မြေရောင်းထွက်မကောင်းသော်လည်း လက်ထဲတွင် ငွေရှိနေသေးသည့်အတွက် မြေကွက်များ လိုက်လံဝယ်နေသေးကြောင်း ဆိုသည်။

“ ကိုယ်နဲ့နီးစပ်ရင်တော့ အဝယ်လိုက်နေတာပဲ၊ ဒါပေမယ့် နည်းနည်းတော့အေးတာပေါ့၊ ဦးလည်း ရောင်းဖို့ရှိတယ်၊ ဝယ်ဖို့လည်းရှိတယ်၊ ဝယ်လက်တွေက နွေရာသီဆိုရင် ပွင့်လင်းရာသီဖြစ်တဲ့အတွက်ကြောင့် ပိုပြီးရောင်းထွက်တဲ့ အနေအထားရှိတယ်ပေါ့။” ဟု ၎င်းကဆက်ပြောသည်။

ကယားပြည်နယ်၏ အချို့နေရာများတွင် လက်နက်ကိုင်အဖွဲ့များမှ ၎င်းတို့ဒေသခံများ နေထိုင်ရန်အတွက် ဈေးနှုန်းသက်သက်သာသာဖြင့် ခြံကွက်များရောင်းချပေးကာ ကျေးရွာများတည်ထားခြင်းများ ပြုလုပ်ကြသည့် အခြေအနေများလည်း ရှိခဲ့သည်။

“ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာဆိုရင်တော့ ဈေးကောင်းတာပေါ့ လူတိုင်းလည်းလိုချင်ကြတယ်ပေါ့၊ နောက်တစ်ချက်က ဒီ ဒီးမော့ဆိုဘက်မှာ ဟိုတယ်တွေ ဘာတွေဆောက်ဖို့ရှိတယ်ဆိုလား အဲ့ကြောင့် မြေဈေးတွေ ကြပ်နေတယ်လို့ တော့ကြားတယ် အခြားနေရာတွေထက် စာရင်ပေါ့။ ” ဟု မကြာသေးခင်မှ ခြံကွက်ဝယ်ခဲ့သူ ငွေတောင်ကျေးရွာနေ ဦးမြင့်ဆွေက ပြောသည်။

လက်ရှိ ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ မြေဈေးကွက်မှာ ပေ ၁၀၀ပတ်လည်တွင် သိန်း ၃၀၀ပတ်ဝန်းကျင်ရှိကြောင်း သိရသည်။ တောင်ယာမြေမှာမူ ပေ ၇၀-၄၀ရှိမြေကွက်ကို သိန်း ၂၀ဝန်းကျင်ထိ ဈေးပေါက်ကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...