ရခိုင်တွင် အိုင်အိုဒင်းကြွယ်ဝသည့် အစားအသောက်များကို ရွေးချယ်စားသောက်ရန်လို

ရခိုင်တွင် အိုင်အိုဒင်းကြွယ်ဝသည့် အစားအသောက်များကို ရွေးချယ်စားသောက်ရန်လို

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လူထုလှုပ်ရှားမှု အသိပညာပေး အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ်၌ နေလှန်းဆားစားသုံးမှု များပြားလာခြင်းကြောင့် အိုင်အိုဒင်းဆားဓာတ် ချို့ယွင်းမှု အများဆုံးဖြစ်သည့်အတွက် အိုင်အိုဒင်းကြွယ်ဝသည့် အစားအသောက်များကို ရွေးချယ်စားသောက်ကြရန် ကျန်းမာရေး အသိပညာပေးရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်နှင်းဝေကပြောသည်။

“နေလှန်းဆား စားသုံးမှုများပြားတဲ့အတွက်ကြောင့် အိုင်အိုဒင်းပါတဲ့ ဆားကို စားသုံးမှုနည်းပါးပါတယ်။ နောက်တခုကကျတော့ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအသောက်တွေကို ပြည်သူလူထုအနေနဲ့ ရွေးချယ်စားသောက် တတ်စေဖို့အတွက် ကျန်းမာရေးအသိပညာလည်း လိုအပ်မှု ရှိနေပါတယ်” ဟုပြောသည်။

အာဟာရဓာတ်များချို့တဲ့မှု မဖြစ်စေရန် ပြည်သူလူထုများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများကပါ ကျန်းမာရေးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး ထိရောက်စွာ လုပ်ဆာင်သင့်ကြောင်းလည်း ဒေါက်တာခိုင်နှင်းဝေကပြောသည်။

“အာဟာရဖွွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါပုံကို  မူဝါဒချမှတ်သူ နိုင်ငံ့ခေါင်းဆောင်းများနဲ့ ပြည်သူလူထုကို အသိပေးတင်ပြနိုင်ဖို့၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွတ်ရာမှာ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ အဖွ့ဲအစည်းတွေရဲ့ ပူးပေါင်းဆောင်ရွတ်မှု ပိုမိုအားကောင်းလာဖို့၊ ပြည်သူလူထုအတွင်း အာဟာရဆိုင်ရာ အသိပညာတွေ တိုးတက်လာစေပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေဖို့ ဆောင်ရွတ်ခြင်းဖြစ်ပါတယ်” ဟုလည်းဆိုသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အ စိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...