AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ်မှ လူ ၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေး

AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ်မှ လူ ၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေး

ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျောင်းဆရာတစ်ဦးနှင့် အရပ်သား ၃ ဦးတို့ကို AA နှင့် ဆက်နွယ်သည်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ကျောက်ရံကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ မူလတန်းပြကျောင်းဆရာ ဦးနိုင်အောင်ထွန်းနှင့် အရပ်သား ၃ ဦးမှာ ကျောက်ရံကျေးရွာမှ ဦးကျော်သူစိုး၊ သရက်ပြင်ကျေးရွာမှ မောင်ထွန်းစိန်၊ ဖုံညိုလိပ်ကျေးရွာမှ မောင်ဖြူဒေါင်းတို့ဖြစ်ကြသည်။

“၁၃ ဦးကိုဖမ်းထားတယ်လို့ သိရတယ်။ ဒီနေ့သတင်းအရတော့ ၈ ဦးကိုပြန်လွှတ်ပေးလိုက်ပြီး ၅ ဦးကျန်နေတယ်လို့ သိရတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ကျောက်ရံကျေးရွာမှ တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးနိုင်အောင်ထွန်းအား သြဂုတ်လ ၉ ရက် နေ့က ဖမ်းဆီးခဲ့ပြီး ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြားသူများကို သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောက်ရံကျေးရွာအတွင်းတွင် AA မှ ဒေသခံအသွင်ဖြင့်ဝင်ရောက်ပုံဖျက်ဖုံးကွယ် လှုပ်ရှားလျက်ရှိကြောင်း သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာတွင် ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းနှင့် တံငါလုပ်ငန်းလုပ်ကိုင်သူ ကျော်သူစိုးတို့ သုံးဦးကို AA နှင့် အပြန်အလှန် ပြောဆို ဆက်သွယ်ထားသည့်အထောက်အထားများတွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

“ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာအပါအဝင် အရပ်သားတစ်ဦးဖမ်းဆီးတာရှိပါတယ်။ သူတို့ကို စစ်ဆေးရာမှာ အေအေအဖွဲ့နှင့် ဆက်သွယ်ထားတဲ့ အထောက်အထားခိုင်လုံစွာတွေရတဲ့အတွက် တရားစွဲဆို သွားမှာဖြစ်တယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ဖုံညိုလိပ်ကျေးရွာမှ မောင်သန်းစိုးအား အာမခံဖြင့်လွှတ်ပေးရန် အာမခံပေးမည့်သူများကို ခေါ်ယူ ထားကြောင်း ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ဦးရော်ဖိလ်က ဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်းအားလည်း သြဂုတ်လ ၇ ရက်နေ့တွင် တပ်မတော်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့်အမှုဖွင့်လှစ်ကာ ချုပ်ရမန်ယူစစ်ဆေးလျက်ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...