တောင်မြေပြိုကျနေရာသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှု၊ အလောင်း ၃၄ လောင်းတွေ့ရှိပြီ

တောင်မြေပြိုကျနေရာသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှု၊ အလောင်း ၃၄ လောင်းတွေ့ရှိပြီ
Photo- တောင်မြေပြိုကျနေရာသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှုစဉ်(MNA)
Photo- တောင်မြေပြိုကျနေရာသို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှုစဉ်(MNA)

မင်းသူရိန် - နိုင်ငံတော် ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့တို့သည် သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ တောင်မြေသားများ ပြိုကျခဲ့သည့် နေရာသို့ လာရောက်ကြည့်ရှုခဲ့သည်။

ဒုသမ္မတနှင့်အဖွဲ့သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ တောင်စတင်ပြိုကျရာ ဘုန်းကြီးကျောင်းနေရာနှင့် နစ်မြုပ်ပျက်စီးသွားသော နေအိမ်နေရာများသို့ သွားရောက်ကြည့်ရှုပြီး သတင်းထောက်များအား တစ်စုံတစ်ရာမှတ်ချက်ပေး ပြောဆိုခဲ့ခြင်းမရှိပေ။

အဆိုပါ မြေပြိုကျသည့်နေရာတွင် ယနေ့အထိ သေဆုံးသူရုပ်အလောင်း ၃၄ လောင်း တွေ့ရှိခဲ့ပြီး အမျိုးသားအလောင်း ၁၇ ဦးနှင့် အမျိုးသမီး အလောင်း ၁၄ ဦး ခလေး ၃ ဦးရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးထိရှိလာပြီး လက်ရှိစာရင်းအရ အိမ်အလုံးရေ ၂၇ လုံး မြေပိခဲ့ကြောင်း သိရသည်။

“တချို့အိမ်တွေ တစ်မိသားစုလုံးနီးပါး သေဆုံးကြပါတယ်၊ တောင်ပြိုမြေခဲတွေအောက်မှာ လူတွေ အိမ်တွေ ကားတွေပိတ်မိနေပြီး ဆက်လက် ရှာဖွေနေဆဲပါ။ မိုးကလည်း ဆက်တိုက်ရွာနေပါတယ်” ဟု ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောသည်။

မြေပြိုကျမူဖြစ်ပွားရာနေရာတွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦးနှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅) ဦး စုစုပေါင်း (၁၄၅) ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “သဘာဝကိုဆန့်ကျင်ပြီး လောဘနောက်လိုက်ပြီး တောင်ကုန်းမြေတွေကိုစီးပွါးဖြစ် ထုတ်ရောင်းခဲ့ကြတဲ့

အကျိုးရလဒ်က ဒီနေ့ခံစားကြရပြီ၊ အပြစ်မဲ့ပြည်သူတွေ ခလေးသူငယ်တွေမြေအောက်မှာ

အရှင်လတ်လတ်အမြှုပ်ခံခဲ့ရတာတွေကို သင်ခန်းစာယူပြီး နောက်နောင်ဒီလိုမကြုံတွေ့ရအောင်အထူးဂရုပြု

ဆောင်ရွက်ပြီး ဥပဒေနဲ့အညီပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်တွင် မှတ်ချက်ပြုခဲ့သည်။

အလားတူ ရေးမြို့နယ် မန်ကျီးရွာ ကွမ်းသီးခြံတစ်ခြံ၌ သြဂုတ် ၉ ရက်နေ့ နံနက်စောစောပိုင်းက မြေပြိုသဖြင့် ယောက်ျားတစ်ဦးသေဆုံးပြီး ဇနီးဖြစ်သူမှာ မျက်လုံးတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...