အင်တာနက်ဖြတ်တောက်မှု ရက်ပေါင်း ၅၀ ပြည့်ပြီ

အင်တာနက်ဖြတ်တောက်မှု ရက်ပေါင်း ၅၀ ပြည့်ပြီ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဇွန်လ ၂၁ ရက် နေ့မှစပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းသည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ဆိုပါက ရက်ပေါင်း ၅၀ အထိ ရှိလာပြီဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့်ရှိပြီး လက်ရှိမှာ အင်တာနက်ဖြတ်တောက်ထားသဖြင့် စစ်ဘေးရှောင်များ၏ အခက်အခဲကို မသိရှိရဘဲ ကူညီရေးအဖွဲ့များအတွက် အခက်အခဲရှိနေသည်။

“အရင်တုန်းက လိုင်းဖွင့်ထားတဲ့အခါဆိုလို့ရှိရင် ဘယ်နေရာမှာဘာတွေလိုအပ်သလဲ၊ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုဒုက္ခမျိုးတွေ ဖြစ်နေလဲဆိုတာကို သိရတယ်၊ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ တောင်းပြီးတော့ ဘာတွေလိုအပ်သလဲ၊ ဘာတွေလှူရမလဲဆိုတာကိုသိရတယ်။ အင်တာနက် ဖြတ်တောက်ထားတဲ့အခါ ဘာတွေဖြစ်နေလဲဆိုတာကိုမသိနိုင်ဘူး” ဟု ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများပိတ်ထားခြင်းသည် သတင်းအချက်အလက်ရယူခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းကြောင့် ဒုက္ခရောက်နေကြရသည့် စစ်ဘေးရှောင်များအတွက် ပိုမိုအခက်အခဲကြုံလာရကာ စစ်ဘေးရှောင်များကိုလှူဒါန်းမည့် အလှူရှင်များနှင့်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

“အင်တာနက်မရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရင်တွင်းစကားတွေကိုဖော်ပြဖို့အတွက် ခဲယဉ်းသွားပြီ။ လက်ရှိစစ်ဘေးရှောင်ဒုက္ခသည်တွေ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်၊ အနေအထိုင်၊ အစားအသောက်၊ သူတို ခံစားနေရတဲ့သဘာဝဘေးအန္တရာယ် အဲ့ဒါတွေကို ပြည်သူတွေနဲ့ အစိုးရတွေမြင်နိုင်အောင် ချပြဖိုအတွက် အခက်အခဲဖြစ်သွားတယ်” ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဒုက္ခရောက်နေရသည့် ပြည်သူများ၏ အမှန်တရားကိုချပြရန်အတွက် အင်တာနက်လိုင်းများပြန်ဖွင့်ပေးရန်လိုကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပိတ်ထားသည့်အင်တာနက်လိုင်းများကို ပြန်လည်ဖွင့်ပေးရန် ပြည်နယ်လွှတ်တော်မှအတည်ပြုခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာထူးခြားမလာသေးပေ။

ထို့ပြင် အင်တာနက်ပြန်လည်သုံးစွဲခွင့်ရရှိရေးအတွက် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း ဇူလိုင်လ ၁၈ ရက်နေ့တွင် အဆိုကိုဆွေးနွေးခွင့်မပြုပဲ ပယ်ချခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြည်နယ်၏စီးပွားရေးမှာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းမှုရှိခဲ့သည်ဟု ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှပြောဆိုထားပြီး လက်ရှိ အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှုများ ရှိနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...