ဟံဂံကျေးရွာတွင် လူ ၁ ထောင်နီးပါးရေဘေးသင့်နေ ကယ်ဆယ်ရေးလှေများလိုအပ်

ဟံဂံကျေးရွာတွင် လူ ၁ ထောင်နီးပါးရေဘေးသင့်နေ ကယ်ဆယ်ရေးလှေများလိုအပ်

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းမှုကြောင့် ရေးမြို့နယ်၊ ဟံဂံကျေးရွာ၌ ယနေ့တွင် လူဦးရေ ၁ ထောင်နီးပါးရေဘေးသင့်နေပြီး လက်ရှိမှာ ကယ်ဆယ်ရေးလှေများ လိုအပ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တစ်ရွာလုံးရေမြုပ်နေတယ် အိမ်တိုင်းလိုလိုပဲ ရွာထဲမှာရေက ၆ ပေလောက်ရှိတယ်၊ တစ်ထပ်အိမ်တွေက မြှပ်ကုန်ပြီ၊ နှစ်ထပ်အိမ်တွေက အောက်ထပ်မြုပ်တယ်။ အခုလောလောဆယ်တော့ အသက်ကယ်ဖို့အတွက် လှေလိုအပ်တယ်။ အခုက ရွာမှာရှိမှာရှိနေတဲ့ လှေသေးသေးတွေနဲ့ပဲ လူတွေကို ကယ်ထုတ်နေရတယ်”ဟု  ဟံဂံကျေးရွာအုပ်ချုပ်ရေး ဦးနိုင်က ပြောသည်။

ဟံဂံကျေးရွာတွင် နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်သည် အဆိုးရွားဆုံးဖြစ်နေကြောင်း၊ ထိခိုက်ဒဏ်ရာရသူနှင့် ကြီးကြီးမားမားဆုံးရှုံးမှုများမရှိသေးသော်လည်း နေအိမ်များရှိ ဆိုင်ကယ်အစီး ၁၀၀၀ ခန့် ရေနစ်မြှပ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 ရေဘေးသင့်ပြည်သူများကို ဟံဂံကျေးရွာကုန့်မြင့်ရှိ ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး အခြားကျေးရွာများမှ ထမင်းဘူးများ ပေးဝေလှူဒါန်းပေးကြောင်း သိရသည်။

“ဟံဂံမှာရေဝင်နေတယ် အနိမ့်တွေမှာ ခေါင်းမိုးတွေအထိ ရေရောက်လာတဲ့အတွက် အခုချိန်လှေခြောက်စီးနဲ့ ကုန်းမြင့်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းနေပါတယ်။ လှေတွေလိုနေတယ် အခုလှေခြောက်စီးစီစဉ်ပေးထားတယ် အဲ့ဒါနဲ့ပဲ လူတွေကို ကဲ့နေရတယ်”ဟု ရေးဘေးသင့်ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်နိုင်ဝင်းက ပြောသည်။

ဟံဂံကျေးရွာ အိမ်ခြေ ၁၆၀၀ ကျော်ရှိနေပြီး နောင်လာမည့်နှစ်များတွင် ရေကြီးနစ်မြှပ်မှုများ မဖြစ်ပေါ်စေရေးအတွက် အစိုးရအနေဖြင့် ဟံဂံချောင်းမကို ထပ်ပြီးတူးဖော်ပေးစေလိုကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

အလားတူ ဟံဂါံကျေးရွာပတ်ဝန်းကျင်တဝိုက်ရှိ ကိုးမိုင်ကျေးရွနှင့် မာန်အောင်ရွာများသည်လည်း ယနေ့နံနက်စောစောပိုင်းတွင် ရွာအတွင်းသို့တောင်ကျရေများလှိမ့်ဆင်းလာသဖြင့် ရွာလုံးကျွတ်ရေလွှမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။

Photo- ရေနစ်မြုပ်နေသည့် ဟံဂံရွာလယ်ပိုင်း(Oppa Banyar)

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...