စစ်ရှောင်များကို ကူညီရာတွင် အစိုးရအနေဖြင့် UN/INGO များနှင့် ပူးပေါင်းဆောင်ရွက်မှ ပိုမိုထိရောက်မည်

စစ်ရှောင်များကို ကူညီရာတွင် အစိုးရအနေဖြင့် UN/INGO များနှင့် ပူးပေါင်းဆောင်ရွက်မှ ပိုမိုထိရောက်မည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က WFP နှင့် ICRC အဖွဲ့ကလွဲပြီး တစ်ခြားသော UN/INGO အဖွဲ့များကို စစ်ရှောင်စခန်းများသို့ အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားသလို အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ရှောင်စခန်းများအတွက် အလှူခံမည်ဆိုလျင် ခွင့်ပြုချက်တင်နေရသည့်အတွက် ထောက်ပံ့မှုများ လျော့နည်းလာကြောင်း ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ရှောင်များကို ကူညီရာတွင် အစိုးရတစ်ဖွဲ့တည်း တာဝန်ယယူဖြေရှင်းခြင်း ထက် UN/INGO/NGO၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဆိုလျင် ပိုမိုထိ ရောက်မည်ဖြစ်ကြောင်း မြေပုံမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၌ ပြောဆိုခဲ့သည်။

“နိုင်ငံတော်အစိုးရကတာဝန်ယူဖြေရှင်းတာထက် UN/NGO/INGO/CSO ပရဟိတအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက်စေတနာရှင်အားလုံးပူးပေါင်းမှ ပိုပြီးတော့ထိရောက်မှာဖြစ်ပါတယ်။ဒါပေမယ့် ဒေသဆိုင် ရာအာဏာပိုင်တွေက ကန့်သတ်ချက်တွေရှိနေတာကြောင့် အလှူရှင်တွေဟာစိတ်မချမ်းသာဖြစ်ရပြီး စိတ်ပျက်ရာက နောက်ဆုံးလက်တွန့်သွားရတဲ့အခြေနေကိုရောက်ရှိခဲ့ပါတယ်” ဟုပြောသည်။

စစ်ရှောင်များကို နိုင်ငံတော်အနေဖြင့် ထောက်ပံ့မှုမှာ လုံလောက်မှုရှိပြီး စစ်ရှောင်များအတွက် လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုကို ကန့်သတ်ထားခြင်းမရှိကြောင်း ဦးဖေသန်း၏ မေးမြန်းမှုကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖြေကြားခဲ့သည်။

“ကျွန်တော်တို့လူမှုအဖွဲ့အစည်းတွေရဲ့လာရောက်ထောက်ပံ့ပေးနိုင်မှုအပိုင်းကိုလည်း ကျွန်တော် တို့အနေနဲ့၊ နိုင်ငံတော်အနေနဲ့၊ အစိုးရအနေနဲ့ကန့်သတ်ထားခြင်းမရှိပါဘူး။ လာရောက်ထောက်ပံ့ပေးမှုကို လည်း လက်ခံပေးလျှက်ရှိပါတယ်။ ဒီအခြေနေမှာ ကျွန်တော်တို့ဘာတစ်ခုကကန့်သတ်မှုဖြစ်နေလဲဆိုရင် လုံခြုံရေးအခြေအနေရဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်မှုမရှိတဲ့နေရာတွေအတွက်ကို ဒီအပိုင်းကိုပဲ အဓိကထားဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟုဆိုသည်။

စစ်ရှောင်များအတွက် အစိုးရအဖွဲ့နှင့် WFP၊ICRC စသည့် အဖွဲ့အစည်းများလည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နေပြီး စစ်ရှောင်များအနေထိုင်ရေးအတွက် ယာယီအဆောက်အအုံများကိုပါ တည်ဆောက်ပေး နေကြောင်းလည်း ဝန်ကြီးကဆိုသည်။

“ယာယီခိုလုံရန်စခန်များဖွင့်လှစ်မှု၊ အဆောက်အအုံဆောက်လုပ်မှုနဲ့ စီမံခန့််ခွဲမှု၊ လူသားချင်စာနာထောက် ထားမှုဆိုင်ရာအကူညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး ရန်ပုံငွေကိစ္စရပ်များ ပါဝင်တဲ့ ယာယီနေရာချထားပေးနိုင်ရေးလုပ်ငန်းစဉ်တွေကို နိုင်ငံတော်သမ္မတရုံးသို့တင်ပြခွင့်ပြုချက်များအရ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်များရှိတိုက်ပွဲရှောင်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် တစ်ဘီလီယံနှင့် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ၆၁၇.၅၀၀ သန်း စုစုပေါင်း ကျပ် ၁၆၁၇.၅၀၀ သန်း တိုက်ပွဲရှောင်စခန်း ၇ ခုကိုလက်ရှိအားဖြင့်ဆောက်လုပ်ပေးလျက် ရှိပါတယ်” ဟုလည်း ဝန်ကြီးကဆိုသည်။

ရခိုင်ပြည်နယ်စစ်ရှောင်တွေအတွက် ကျန်းမာရေး၊ပညာရေး၊စားဝတ်နေရေးကိစ္စရပ်များကို ကူညီဆောင် ရွက်နေသလို ပြန်လည်ထူထောင်ရေးကဏ္ဍများမှာလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် (၅)သောင်းကျော် အထိ ရှိလာကြောင်း အရပ်ဖက်အဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသော်လည်း အစိုးရဘက်ကတော့ (၂) သောင်းကျော်သာရှိသေးကြောင်း ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...