ANP ပါတီ၏ အမ်းမြို့နယ် အောင်နိုင်ရေး လူပ်ရှားမှု စတင်

ANP ပါတီ၏ အမ်းမြို့နယ် အောင်နိုင်ရေး လူပ်ရှားမှု စတင်
by -
နိရဥ္စရာ
ဓာတ်ပုံ- အမတ်သန်းနိုင်ဖေ့စ်ဘုတ်
ဓာတ်ပုံ- အမတ်သန်းနိုင်ဖေ့စ်ဘုတ်
ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီ ANP ထိပ်တန်း ခေါင်းဆောင်များသည် အမ်းမြို့နယ်သို့ ရောက်ရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး အပါအဝင် ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

“ ကျွန်တော်တို့ အမ်းမြို့နယ်ကို ရောက်နေတာက လုပ်ငန်းစဉ် နှစ်ခုကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေ အားလုံးမှာ အနိုင်ရရှိရေးအတွက် အမ်းမြို့နယ်ကို အခြေခံပြီး လူပ်ရှားဆောင်ရွက်ဖို့နဲ့ နောက် လုပ်ငန်းစဉ် တစ်ခုကတော့ လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဖြစ်ပါတယ်” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခု အမ်းမြို့နယ် ခရီးစဉ်တွင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး၊ ပြည်နယ် လွှတ်တော်ကိုယ်းစားလှယ်များ ဖြစ်ကြသည့် ဦးကျော်ဇောဦး(စစ်တွေ)၊ ဦးလှသိန်းအောင်( မင်းပြားဝ၊ ဦးထွန်းသာစိန် (ကျောက်တော်)နှင့် ဦးမောင်အုန်း (မောင်တော) တို့ ပါ၀င်ကြပြီး ပါတီဗဟို အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးတင်ညို (ဂွ)၊ ဦးဖေကြွယ်(တောင်ကုတ်)တို့လည်း ပါ၀င်ကြသည်။

“ ကျွန်တော်တို့ ဦးစွာဆောင်ရွက်မယ့် အစီအစဉ်က တောင်ပိုင်းမြို့နယ်တွေက ကျေးရွာအားလုံးမှာ ပါတီဆိုင်းဘုတ်ထောင်ပါမယ်။ ပါတီကို ကျေးရွာတွေထိ ဖွဲ့စည်းပြီး ပါတီ အားကောင်းလာအောင် စည်းရုံး တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆက်လက် ပြောဆိုသည်။

လက်ရှိ အချိန်တွင်လည်း အမ်းမြို့နယ် နွားရုံတောင်တိုက်နယ် တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ပါတီဆိုင်းဘုတ်ကို တင်ခဲ့ပြီး ယနေ့တွင်လည်း ကဇူးကိုင်းနှင့် နောက်ထပ် ကျေးရွာ တစ်ခုတို့တွင် ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကိုယ်တိုင် တက်ရောက်ပြီး ရုံးဖွင့်ပွဲ၊ ဆိုင်းဘုတ် တင်ပွဲများကို ပြုလုပ်သွားမည်ဟု သိရှိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...