ညောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်း ၅ ကျောင်းကို ယာယီပိတ်ထား

ညောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်း ၅ ကျောင်းကို ယာယီပိတ်ထား

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးအနားကျေးရွာများမှာ စာသင်ကျောင်း ၅ ကျောင်းကို ယာယီပိတ်ထားရသည်ဟု ဘူးသီးတောင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမောင်ဝင်းနိုင်က ပြောသည်။

“ညောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ ယာယီပိတ်ထားရတာ ၅ ကျောင်းရှိပါတယ်။ ဒီအပတ်အတွင်း ပြန်ဖွင့်သွားဖို့တော့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် (၄)နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ယာယီပိတ်ထားသည့်ကျောင်းများမှာ အ.ထ.က(ခွဲ)ညောင်ချောင်း၊ မူ(လွန်)ရခိုင်ညောင်ချောင်း၊ မူ(လွန်) သိမ်တောင်ပြင်၊ မူ(လွန်)သိမ်တောင်ပြင် (ဒိုင်းနက်)၊ အ.မ.က ကံကော်မြိုင်တို့ ဖြစ်သည်။

ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ဖုံညိုလိပ်ကျေးရွာ အ.ထ.က(ခွဲ)စာသင်ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဖုံညိုလိပ်ကျေးရွာသားများက ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေသံတွေ ကြားနေရတာက ၃ ရက်လောက်ရှိပါပြီ။ မနေ့ကနဲ့ ဒီနေ့မှာတော့ လေယာဉ်တွေပါ ပျံသန်းလာတဲ့အတွက် စာသင်ကျောင်းပိတ်ထားပါတယ်” ဟု ကျောင်းသားတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြင်ချောင်း၊ မြို့မချောင်း၊ အလယ်ချောင်း၊ သရက်ပြင်၊ သျှရှားတောင်၊ ဥယျာဉ်သာ၊ စံဂိုးတောင်၊ နွားရုံတောင်၊ ကံပြင်၊ စည်တောင်၊ စပါးထား စသည့် ကျေးရွာ ၁၁ ရွာမှ ရွာသူ၊ ရွာသားများမှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်နေကြရသည်။

ထိုသို့ ကျေးရွာသားများထွက်ပြေးနေရသည့် ကျေးရွာများတွင်လည်း စာသင်ကျောင်းများကို ပိတ်ထားရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...