ကညင်ချောင်းစီးပွားရေးဇုန်ကို ယခုနှစ်ကုန်ပိုင်းဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား

ကညင်ချောင်းစီးပွားရေးဇုန်ကို ယခုနှစ်ကုန်ပိုင်းဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား

မောင်တောမြို့နယ်တွင် တည်ဆောက်နေသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို ယခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှာ မြေဧက ၂၀၀ ကျော်ကျယ်ဝန်ပြီး ပြည်နယ်အစိုးရနှင့် KED ကုမ္ဗဏီတို့ ပူးပေါင်းကာ ငွေကျပ်သိန်းပေါင်း ၂၂၀၀ အကုန်ကျခံပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

“အဲဒီမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၆၅ ရာခိုင်နှုန်း KED ကုမ္ပဏီကနေပြီးတော့ ၃၅ ရာခိုင်နှုန်း မတည်ပြီးတော့ ကျွန်တော်တို့လုပ်နေကြတယ်ပေါ့” ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ဘင်္ဂလာဒေရှ့်နိုင်ငံဘက်ကို ရောင်းသူဈေးကွက်အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ကညင်ချောင်းစီးပွားရေးဇုန်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း (၉) ခုပါဝင်မည်ဖြစ်ကာ လက်ရှိမှာ လုပ်ငန်း (၆) ခုပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့က KED ကုမ္ဗဏီမှ တာဝန်ရှိသူများသည် ကညင်ချောင်းစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အကျဉ်းချုပ်အစီရင်ခံစာတင်ပြရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သည်။

“အဓိကမပြီးမြောက်သေးတာကတော့ လျှပ်စစ်ဓာတ်အားရယ်၊ ရေရရှိရေးရယ်၊ ခြံစည်းရိုးရယ်ပေါ့နော်။ ဒီဟာကိုတော့ ဒီနှစ်ထဲမှာ ဖွင့်နိုင်အောင်တော့ ကြိုးစားမယ်လို့ပြောသွားတယ်။ ၂၀၁၉ နိုဝင်ဘာဖြစ်စေ၊ ဒီဇင်ဘာဖြစ်စေ ၂၀၁၉ အကုန်လောက်မှာ အပြီးလုပ်မယ်လို့တော့ ပြောသွားတာတွေရှိတယ်။” ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်မှုပြီးစီးသွားလျှင် ဒေသခံကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်ပြီး အထည်ချုပ်စက်ရုံများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...