ကျောက်တော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကျည်ထိမှန်

ကျောက်တော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကျည်ထိမှန်

ကျောက်တော်မြို့နယ် မဟာမုနိကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ယနေ့သြဂုတ်လ ၁ ရက်နေ့တွင် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေသည်။

ကျည်ထိမှန်ခဲ့သည့် အမျိုးသမီးမှာ ဒေါ်အေးအေးမြင့် အသက် (၂၄) နှစ်ဖြစ်ပြီး မနေ့က ဇူလိုင်လ ၃၁ နေ့ ညနေ ၆ နာရီခန့်မှာ တပ်မတော်မှပစ်ခတ်မှုကြောင့် သူမ၏ ညာဖက်လက်မောင်းတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ၏ အမျိုးသား ကိုဇော်ဇော်ကပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ မဟာမုနိကျေးရွာအနီး လက်နက်ကြီး၊ လက်နက်ငယ်သံများကြားရပြီး နောက်တစ်နာရီခန့်အကြာတွင် လက်နက်သံများငြိမ်သွား၍ ကိုဇော်ဇော်တို့လင်မယားနှစ်ဦး ထမင်းစားရန် ပြင်ဆင်နေစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“စစ်သားတွေက မဟာမြတ်မုနိဘုရားအနောက်ဘက်က ထွက်လာပြီးတော့ ကျနော်တို့အိမ်ကို တည့်တည့်ကြည့်ပြီးတော့ အကုန်လုံးပစ်ထည့်လိုက်တာ ဒေါင်း..ဒေါင်း..ဒေါင်းနဲ့။ ကျနော်က မြေကြီးမှာဝပ်လိုက်တယ်။ ကျနော့်မိန်းမက ကိုယ်ဝန်နဲ့ဆိုတော့ ဝပ်နေလို့မရလို့ ထပြေးတယ်။ အဲ့လိုပြေးတာနဲ့ လက်မှာထိသွားတာပဲ။ သူ့မှာကိုယ်ဝန်က ၉ လဖြစ်နေပြီ” ဟု ကိုဇော်ဇော်က ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးအေးမြင့်မှာ လက်တွင် ကျည်ထိမှန်ခဲ့သည့်အတွက် စိုးရိမ်စရာမရှိသော်လည်း ကလေးအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ဗိုက်ကြီးသည်မကို AA လို့သဘောထားပြီး ပစ်ခိုင်းတာလား၊ ပြည်သူလူထုကို ပစ်ခိုင်းတာလား။ အဲဒါကိုသိချင်တယ်” ဟု ကျည်ထိမှန်ခဲ့သည့် ဒေါ်အေးအေးမြင့်၏ ယောက္ခမဖြစ်သူ ဒေါ်မအေးရီက ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းဖြစ်စဉ်အား သူ့အနေဖြင့် မကြားမိကြောင်းဆိုသည်။

ထို့ပြင် မနေ့ကလည်း ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုကျော်သက်ထွန်းကို ကားလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့်သွားနေစဉ် တပ်မတော်မှ ပစ်ခတ်မှုကြောင့် နောက်ကျောမှာ ကျည်ဆံရှပ်ထိသွားပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...