အငူမော်မှ မောင်တောသို့သွားသည့် တပ်မတော်ယာဉ်တန်းအနီး ပေါက်ကွဲမှုဖြစ်

အငူမော်မှ မောင်တောသို့သွားသည့် တပ်မတော်ယာဉ်တန်းအနီး ပေါက်ကွဲမှုဖြစ်

အငူမော်-မောင်တောကားလမ်းတွင် သွားနေသည့် တပ်မတော်ယာဉ်တန်းများအနီးတွင် ယနေ့သြဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုမှာ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာနှင့် ဒုံးပိုက်ကျေးရွားကြားတွ င် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကားများမှာ မောင်တောမြို့နယ်ဘက်သို့ ဦးတည်သွားရောက်နေကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆင်ပိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် အနီးအနားမှ ဒုံးပိုက်၊ ဆင်ပိုက် စသည့်ကျေးရွာသားများမှာ စိုးရိမ်မှုများရှိနေကြသည်။

“နောက်ဘာတွေဖြစ်လာမလဲဆိုပြီး ရွာသူ၊ ရွာသားတွေ အလွန်စိုးရိမ်နေကြပါတယ်” ဟု ၎င်းကပြောသည်။

ယခုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်မေးမြန်းရာ ယနေ့ပေါက်ကွဲမှုဖြစ်စဉ်အား သူ့အနေဖြင့် မသိရသေးကြောင်းပြောသည်။

“ဒီနေ့ပေါက်ကွဲတာတော့ မသိရသေးဘူးခင်ဗျ၊ ပေါက်ကွဲမှုရှိ၊ မရှိကိုမေးကြည့်လိုက်ပါမယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မကျည်းချောင်းကျေးရွာနှင့် ကုလားချောင်းကျေးရွာကြားတွင် မိုင်း ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားမှုရှိခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...