ကျောက်ဖြူက လူငယ်တစ်ဦးကို အီလက်ထရောနစ်ဥပဒေဖြင့် တပ်မတော် အမှုဖွင့်

ကျောက်ဖြူက လူငယ်တစ်ဦးကို အီလက်ထရောနစ်ဥပဒေဖြင့် တပ်မတော် အမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ လူငယ်တစ်ဦးကို တပ်မတော်နှင့်ဆိုင်သည့် အချက်အလက်များကို လူမှုကွန်ရက်မှာ ရေးသားသည်ဟုဆိုကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(ခ) ဖြင့် တပ်မတော်က အမှုဖွင့်လှစ်ထားသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

အမှုဖွင့်ခံရသူမှာ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာမှ မောင်တင်ချမ်း ဆိုသူဖြစ်ပြီး ၎င်းသည် “ဂျပန်ခေတ်က ရခိုင်သားချေ” နာမည်ဖြင့် Facebook စာမျက်နှာတွင် တပ်မတော်(ရေ)၏ လုံခြုံရေးအား  ရေးသားခဲ့သည်ဟုဆိုကာ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးအောင်က တရားလိုပြုလုပ်ကာ တိုင်တန်းလာသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

“တပ်မတော်က စွဲတာပါ  ဟု ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောသည်။

မည်သည့်အချက်ကို ရေးသားခဲ့မှုကြောင့် တရားစွဲသည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (ခ)တွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ လျို့ဝှက်ချက်နှင့်သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိသည်ဟု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၄၄၂/၁၉ ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(ခ)ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးနေသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...