မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ (၂)ဦးကို စွဲချက်မတင်ဘဲလွှတ်ပေး

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ (၂)ဦးကို စွဲချက်မတင်ဘဲလွှတ်ပေး

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုရင်ဆိုင်ခဲ့ရသူ (၂)ဦးကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာက အသက် (၆၀) ဝန်းကျင် ဦးစိန်သာကျော်နှင့် ဦးမောင်စိန်ဦးတို့ဖြစ်ပြီး သူတို့မှာ ပြစ်မှုကျူးလွန်သည်ဟု စွဲချက်တင်ရန် လုံလောက်သည့် သက်သေအထောက်အထားများ မတွေ့ရသဖြင့် အမှုကို “မှားယွင်းမှု” ဟုသတ်မှတ်ပြီး စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က   DMG ကိုပြောသည်။

 “ သူတို့က မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) အရ တရားစွဲထားတယ်။ ဒါပေမယ့် တရားလိုပြသက်သေတွေအားလုံးကို စစ်လိုက်တဲ့အခါမှာ ပြစ်မှုကျူးလွန်တာ တစ်စုံတစ်ရာ ငြိစွန်းမှုမရှိတဲ့အတွက် စွဲချက်မတင်ပဲ လွှတ်ပေးလိုက်တာ”  ဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးထံမှ သိမ်းဆည်းခဲ့သော လက်ကိုင်ဖုန်းသုံးလုံးကိုလည်း ပြန်ပေးစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

၎င်းတို့နှစ်ဦးကို ဇန်နဝါရီလအတွင်းက ကြိမ်သာကျေးရွာ အရှေ့ဘက်တောင်တန်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားအမှုအပြီး တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူး ပိုင်စိုးခိုင်က တရားလိုပြုလုပ်ကာ ရသေ့တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...