မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား IRI ဖိတ်ကြားခြင်းကို လွှတ်တော် ဥက္ကဋ္ဌမှ ပယ်ဖျက်ပြီး လူစားထိုး စေလွတ်

မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား IRI ဖိတ်ကြားခြင်းကို လွှတ်တော် ဥက္ကဋ္ဌမှ ပယ်ဖျက်ပြီး လူစားထိုး စေလွတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောအား အမေရိကန် အခြေစိုက် House Democracy Partnership (HDP) မှ ညီလာခံရန် တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ ဦးဦးလှစောအား တက်ရောက်မည့် စာရင်းမှ ပယ်ဖျက်ပြီး တစ်ခြား NLD မှ ကရင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အစားထိုးစေလွှတ်ခဲ့သည်ဟု သတင်း ရရှိသည်။

narinjara 1206မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်က ကိုယ်စားလှယ် သုံးယောက်ကို ၀ါရှင်တန် ဒီစီကို IRI ကနေ ဖိတ်ပါတယ်။ တစ်ယောက်က နန်းခမ်းအေး၊ ဒူးလေးပါတီက လီဆူး လွှတ်တော် အမတ် တစ်ဦးရယ်၊ ကျွန်တော်ရယ် သုံးဦးကို ဖိတ်ပါတယ်။ ကျွန််တော်ကို တိုက်ရိုက်ဖိတ်တဲ့စာလည်း ကျွန်တော်ဆီမှာ ရှိတယ်။ ဒါကို လွှတ်တော်ကို တင်ပြတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်မခံဘူး။ သူတို့ဆီကို တိုက်ရိုက်ဖိတ်ပါဆိုတော့ IRI က သဘောတူတယ်။ လွှတ်တော်ကို တိုက်ရိုက်ဖိတ်တော့ ထိပ်ဆုံးက ပါတဲ့ ကျွန်တော်ကို ဖြုတ်ချလိုက်ပြီးတော့ နန်းခမ်းအေးနဲ့ လီဆူး လွှတ်တော်ကိုယ်စားက ပြန်ပါလာတယ်။ ကျွန်တော်နေရာမှာ NLD က ကရင်ကိုယ်စားလှယ် တစ်ဦးကို အစားထိုးစေလွှတ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ဦးဦးလှစောအား Republican ပါတီ လက်အောက်ရှိ International Republican Institute (IRI) မှ ဒါရိုက်တာ Michelle Bekkering က ကိုယ်စားပြု ဖိတ်ကြားခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်ကို ဘာကြောင့် ဖယ်ထုတ်လိုက်တယ်ဆိုတာကို ကျွန်တော်က မသိပါဘူး။ သူတို့ဘဲ သိပါလိမ့်မယ်” ဟု ပြောကြားသည်။

၎င်းညီလာခံကို ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအား ဆက်သွယ်ရန် ခက်ခဲသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...