မယူကမ်း ရန်အောင်ပြင်ကျေးရွာ ကြိုးတံတား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်

မယူကမ်း ရန်အောင်ပြင်ကျေးရွာ ကြိုးတံတား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း ရန်အောင်ပြင်ကျေးရွာတွင် တည်ဆောက်ပြီးစီးသွားသော ကြိုးတံတားကို ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကြိုးတံတားဖွင့်ပွဲကို အခမ်းအနားဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

ယင်းကြိုးတံတားသည် အရှည် ၁၀၁ မီတာ (ပေ ၃၃၀) ရှိပြီး၊ အကျယ် ၆ ပေရှိကာ လူနှင့် နှစ်ဘီးဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင် သည်ဟု ဆိုသည်။

njr12056

“ ဒီတံတားဟာ အနီးအနားမှာရှိတဲ့ ရွာ၂၁ ရွာအတွက် အကျိုးရှိနိုင်မှာဖြစ်ပြီးတော့ အဓိက ရန်အောင်ပြင်ကျေးရွာ အထကမှာ ကျောင်းလာတက်တဲ့ အနီးအနားကျေးရွာတွေက ကျောင်းသူကျောင်းသားတွေ သွားလာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ယခုလို ကြိုးတံတား တစ်စင်းကို ရန်အောင်ပြင်ချောင်းကို ဖြတ်သန်း တည်ဆောက်နိုင်ခဲ့သဖြင့် သွားလာရေး လွယ်ကူစေ၍ အထူးဝမ်းသာကြောင်း၊ ယခင်က လှေဖြင့် ချောင်းကို ဖြတ်ကူးရ၍ လူတိုင်းကြောင့်ကြစိုးရိမ်မှုများ ရှိနေခဲ့ကြောင်း၊ ယခု အားလုံးစိတ်ချမ်းသာနိုင်ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ယင်းဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ နှင့် လွှတ်တော်အမတ် ရ ဦး၊ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝေ၊မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသား စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...