ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့ မောင်တောမြို့နယ်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့ မောင်တောမြို့နယ်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
by -
နိရဥ္စရာ
ARG လုပ်ငန်းတွင် ၀န်ကြီးချုပ်နှင့် အဖွဲ့ လာရောက်လေ့လာနေစဉ်/ ဓာတ်ပုံ- ကျော်သန်းလှိုင်
ARG လုပ်ငန်းတွင် ၀န်ကြီးချုပ်နှင့် အဖွဲ့ လာရောက်လေ့လာနေစဉ်/ ဓာတ်ပုံ- ကျော်သန်းလှိုင်
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ဦးဆောင်သော အဖွဲ့သည် မောင်တောမြို့သို့ ရောက်ရှိနေပြီး ၎င်းမြို့နယ်မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ယနေ့ တွင် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာအနီးရှိ ARG လူမှု စီးပွားဖွံ့ဖြိုးရေး လုပ်ငန်းခွင်သို့လည်းကောင်း၊ ဘင်္ဂလီကျေးရွာ များဖြစ်ကြသော အလယ်သံကျော်နှင့် ဒုချရားတန်း ကျေးရွာများသို့လည်းကောင်၊ ၎င်းနောက် ရခိုင်တိုင်းရင်းသား ကျေးရွာများ ဖြစ်ကြသော ဥဒေါင်း၊ ရွှေဗဟိုနှင့် ဗောဓိကုန်းကျေးရွာများသို့ သွားရောက်ခဲ့သည်ဟု စစ်တွေမြို့ လူမှုအဖွဲ့အစည်း ကိုယ်စားပြု ကော်မတီမှ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစောနိုင်က နိရဥ္စရာသို့ ပြောသည်။

“ ဒီမှာ ၀န်ကြီးချုပ်နဲ့ ပါလာတာက နယ်လုံဝန်ကြီး၊ လူမှုရေး ၀န်ကြီးရယ်ပြီးရင် ဌာနဆိုင်ရာ အကြီးအကဲတွေရယ်။ UNHCR နဲ့ WFP က ဌာနေကိုယ်စားလှယ် အပါအဝင် သုံးဦးရယ်၊ စစ်တွေမြို့ လူမှုအဖွဲ့အစည်း ကိုယ်စားပြု ကော်မတီမှ ကိုယ်စားလှယ် ၄ ဦးရယ်၊ စုစုပေါင်း လူ ၂၀ ကျော်လောက် ပါ၀င်ပါတယ်” ဟု ဦးစောနိုင်က ဆက်လက် ပြောဆိုသည်။

njr1205

မောင်တောမြို့နယ်သို့ ပြည်နယ် ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ရသော အကြောင်းအရင်းကို မေးကြည့်ရာ ဦးစောနိုင်က “ လာတဲ့ ရည်ရွယ်ချက်က နှစ်ခု ဖြစ်ပါတယ်။ ပထမတစ်ခုက မောင်တောဒေသမှာ ရှိနေကြတဲ့ နေရပ်ပြန်သွားကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လာကြည့်တာပါ။ နောက်တစ်ခုက မောင်တောဒေသမှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီမှာရှိတဲ့ မောင်တောရယ်၊ ဘူးသီးတောင်ရယ်၊ စစ်တွေရယ် လူမှု အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ဖို့အတွက် လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၁၀  နံနက်တွင် မောင်တောမြို့ မြောက်ပိုင်းသို့ သွားရောက်မည် ဖြစ်ပြီး ညနေပိုင်းတွင် မောင်တောမြို့ပေါ်တွင် လူထု စည်းဝေးပွဲ တစ်ခု ပြုလုပ်သွားမည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...