လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်နယ်လွှတ်တော် အတည်ပြု

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်နယ်လွှတ်တော် အတည်ပြု
သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်
သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်

မွန်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တို့ချဲ့ဖွဲ့စည်းရန် ယနေ့ ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတမှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် သဝဏ်လွှာပေးပို့ခဲ့သည့်အပေါ် မွန်ပြည်နယ်လွှတ်တော်မှ အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ကိုယ်စား လှယ်များ၏ သဘောထားဆုံးဖြတ်ချက် ရယူခဲ့သည်။

ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့စည်းလာသည့်အတွက် အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုမြန်ဆန် လာနိုင်သည့်အပြင် အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးချင်တာကြောင့် အဆိုပါ ဝန်ကြီးဌာနကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

“ အစိုးရကဘာလုပ်ပေးချင်တာလဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာ တကယ့်နိုင်ငံသားဖြစ်ခွင့်ရှိသူတွေလည်း အလျင်အမြန်ဖြစ်ခွင့်ရအောင် ဆောင်ရွက်ပေးချင်တာပါလို့ ကျွန်တေ်ာမြင်တယ်” ဟု ၎င်းကပြောသည်။

အစိုးရအနေနဲ့ သက်တမ်းကုန်ခါနီးမှ ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့စည်းတာဖြစ်သည့်အတွက် လက်ရှိ အစိုးရသက်တမ်းတွင် ယင်းဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်နိုင်မှုအား အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးမှ သုံးသပ်ပြောဆိုသည်။

“သက်တမ်းကုန်ခါနီးမှ ပုံဖော်တာဆိုတော့ အသစ်လိုပြန်ဖြစ်သွားတယ်။ အချိန်ကတော့ လောက်မှာမဟုတ်ဘူး။ အလုပ်ဖြစ်နိုင်ချေက အဲ့ဒီအချိန်အပိုင်းအခြားပေါ် မူတည်တယ်။ တက်လာတဲ့ဝန်ကြီးကလည်း ဒီလုပ်ငန်းကို ကျွမ်းကျင်အောင်လေ့လာရင်းနဲ့ပဲ သက်တမ်းကပြည့်ပြီး အဲ့ဒါကြောင့် ဒီအစိုးရသက်တမ်းမှာတော့ အလုပ်ဖြစ်နိုင်ချေ အများကြီးတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ယင်းဝန်ကြီးဌာနအသစ်တစ်ခု ထပ်မံဖွဲ့စည်းလိုက်သည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ကြီးဖြစ်လာနိုင်ဖွယ်ရှိပြီး အဆိုပြုထားသူများအနက်မှတစ်ဦးကို နိုင်ငံတော်သမ္မတမှ ရွေးချယ်ခန့်အပ်သွားမှာ လည်း ဖြစ်သည်။

ယခုကဲ့သို့ ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန (၃)ခုအပါအဝင် ဝန်ကြီးဌာန (၁၁)ခု ရှိလာပြီ ဖြစ်သည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...