ရခိုင်အရေး ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တွေ့ဆုံဆွေးနွေး

ရခိုင်အရေး ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တွေ့ဆုံဆွေးနွေး

ရခိုင်အရေးနှင့်ပတ်သက်ပြီး ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်ရှိ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)အဖွဲ့အပါအဝင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့တို့သည် ဇွန်လ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ရခိုင်က တက္ကသိုလ်ကျောင်းသား၊ သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေရယ်။ ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ အခွင့်ရေးချိုးဖောက်ခံရမှုတွေ၊ လက်ရှိရခိုင်ပြည်မှာ အခွင့်အရေးတွေ ပိတ်ပင်ခံနေရတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။”ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)အဖွဲ့မှ ဒုတိယပြောရေး ဆိုခွင့်ရှိသူ ကိုကျော်စွာလင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့တို့က ကမ်းလှမ်းမှုကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ဒီဆွေးနွေးပွဲလုပ်လိုက်တဲ့ ရလဒ်ကတော့ တိုက်ပွဲတွေကြားပိတ်မိနေတဲ့ ရခိုင်ကျောင်းသား၊ သူတွေရဲ့ အသံထွက်လာဖို့ မျှော်လင့်ပါတယ်။ နောက်ကျောင်းသားတွေရဲ့ အခွင့်ရေးဆုံးရံှုးနေမှုတွေ အသံတစ်သံထွက်လာဖို့လည်း မျှော်လင့်ထားတယ်။ ခုလက်ရှိမှာ ရခိုင်ပြည်သူတွေခံစားနေရတဲ့ အခွင့်ရေးဆုံးရှုံးမှုတွေရဲ့ အသံကိုလည်း ဒီရခိုင်တစ်သံတည်းမဟုတ်ဘဲ ပြည်မမှာလည်းပဲ နားလည်ပေးတဲ့သူတွေရှိပါတယ်ဆိုတဲ့ အသံထွက်စေချင်ပါတယ်။ ”ဟု ကိုကျော်စွာလင်းက ပြောသည်။

ယင်းပွဲကို ဖော်ပြပါအဖွဲ့အစည်းများထဲမှ ပြောရေးဆိုခွင့်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပြီး ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)အဖွဲ့အနေဖြင့် ရခိုင်ပြည်သူများ၏ ခံစားချက်ကို နားလည်ပေးနိုင်သည့် မည်သည့်အဖွဲ့စည်းနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...