အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် သူမတိုင်းပြည်ကို အသုံးချခွင့်ပြုမည်မဟုတ်ဟု ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ်မှ ပါလီမန်တွင် ပြောဆို

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် သူမတိုင်းပြည်ကို အသုံးချခွင့်ပြုမည်မဟုတ်ဟု ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ်မှ ပါလီမန်တွင် ပြောဆို
ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခါဆီးနာမှ အသက်ဘေးနှင့် နှိပ်စက်ခံရမှုဘေးမှ ထွက်ပြေးလာကြသည့် မြန်မာမှ ဘင်္ဂလီလူမျိုးများကို လွန်စွာ ကိုယ်ချင်းစာသော်လည်း အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ရန် အတွက်မူ သူမ၏ တိုင်းပြည်အား အသုံးချခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

သူမအစိုးရအနေဖြင့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးလာသူများအား လိုအပ်နေသော အကူအညီများ ဖြစ်ကြသည့် ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအား ပေးနေသော်လည်း နယ်စပ်ဒေသကိုမူ သူတို့ဝင်ရောက်လာအောင် ဖွင့်ပေးသွားမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာပိုင် နိုင်ငံနှစ်ခု၏ အရေး ပြဿနာ ဖြစ်နေ၍ ဖြစ်ကြောင်းဟု ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော ဘင်္ဂလာဒေ့ရှ် လွှတ်တော်တွင် ၀န်ကြီးချုပ် ရှိတ်ခါဆီးနာ၏ မေးခွန်းနှင့် အဖြေ ကဏ္ဍ အချိန်အတွင်း ဇာတီယာပါတီမှ လွှတ်တော်အမတ် Fakhrul Imam မှ ရခိုင်ကိစ္စကို မေးမြန်းစဉ် ထိုသို့ ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသား အများအပြားကို လက်ခံထားသော်လည်း များမကြာမီက မြန်မာနယ်ခြားစောင့်တပ်အား တိုက်ခိုက်ခဲ့ရာ၌ တာဝန်ရှိသူ ရာဇဝတ်သားများအား သူမ၏ နိုင်ငံတွင် ခိုလှုံခွင့် လုံးဝ ပြုမည်မဟုတ်ဟု ဆက်လက်ပြောဆိုသည်။

၎င်းပြင်သူမက “ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့အား တိုက်ခိုက်ရာတွင် ပါ၀င်သူ ရာဇဝတ်သားများအတွက် ဘင်္ဂလာဒေ့ရှ်တွင် နေရာတစ်နေရာမှ မရှိကြောင်း၊ ထိုတိုက်ခိုက်မှုတွင် မြန်မာဘက်က ၉ ဦးသေဆုံးသွားခဲ့ကြောင်း၊ သူမ၏ အိမ်နီးချင်း နိုင်ငံအား ဆူပူ အကြမ်းဖက်ရန် အတွက် ဘင်္ဂလာမြေကို လုံးဝ ခွင့့်ပြုမည် မဟုတ်ကြောင်း” ပါလီမန်တွင် ပြောကြားသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာသံအမတ်အား ဆင့်ခေါ်ပြီး ပြဿနာများ ကြီးထွားမလာစေရန် ချုပ်တည်း ဆောင်ရွက် ရန် ပြောဆိုထားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခါဆီးနာမှ မိမိတို့အနေဖြင့် မြန်မာ နယ်ခြားစောင့်တပ်များအား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ဘင်္ဂလာဒေ့ရှ်တွင် ခိုလှုံ၍ ရှိ မရှိ ရှာဖွေသွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီရမိပါက ချက်ချင်း မြန်မာနိုင်ငံကိုသို့ လွဲပြောင်း ပေးအပ်သွားမည်ဟု ပါလီမန်တွင် ပြောကြားသွားခဲ့သည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...