၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်
by -
နိရဥ္စရာ
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ကျင်ပွဲအပြင် ရခိုင်ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲလည်း ပါ၀င်မည်ဟု သိရသည်။

njr1201“ဒီနှစ် ကျင်းပမယ့် ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ရခိုင်ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲပါပါမယ်။ မြောက်ဦးခေတ် အဝတ်အစားကို အဓိကထားပြီးတော့ အမျိုးသားရော၊ အမျိုးသမီးရော ပါ၀င်ယှဉ်ပြိုင်လို့ ရပါတယ်။ စာစီစာကုံး၊ ကာတွန်း၊ ရခိုင်ပုံပြင်ပြိုင်ပွဲနဲ့ ရခိုင်ဂုဏ်ဆောင် ဆုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်နေ့ ကျင်းပရေးကော်မတီ ဦးစီးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆရာ ဂေါယာမြေစောဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျင်ပွဲတွင် ရွှေမောင်းတန်းအတွက် ပထမဆုကို ရွှေ ၅ ကျပ်သား၊ ဒုတိယဆု ၄ ကျပ်သား၊ တတိယဆု ၂ ကျပ်သားနှင့် စတုတ္ထဆုကို ၁ ကျပ်သားသတ်မှတ်ထားပြီး၊ ငွေမောင်းတန်းအတွက် ပထမဆု ရွှေ ၃ ကျပ်သား၊ ဒုတိယဆု ၂ ကျပ်သား၊ တတိယဆု ၁ ကျပ်သားနှင့် စတုတ္ထဆုကို ၅ မူးသား သတ်မှတ်ထားပြီး၊ ကျင်သန်များအနေဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကို နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်သည်။

ကျင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၈ နေ့ထိ ၃ ရက်တိုင်တိုင် စစ်တွေမြို့ ၀င်္ကဘာကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်း၊ အထက်တန်းအဆင့် နှင့် တက္ကသိုလ်အဆင့်တို့ ပါ၀င်ပြီး၊ ပုံပြင်ကို မူလတန်းအဆင့်နှင့် ကာတွန်းပြိုင်ပွဲအတွက် မည်သူမဆို ပါ၀င်ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။

အခမ်းအနားကျင်းပရာတွင် နံနက်ပိုင်း၌ စစ်တွေမြို့ရှိ အတုလမာရ်ဇိရ်ပြည်လုံးချမ်းသာဘုရားကြီး၌ သံဃာတော်များကို ဆွမ်းကျွေးပြီး၊ နေ့လယ်ပိုင်းတွင် ၀င်္ကဘာကွင်းနှင့် ကျင်ပွဲနှင့် ညနေ့ပိုင်းတွင် ဦးဥတ္တမ ခန်းမ၌ ရခိုင်ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ရခိုင်ဂုဏ်ဆောင် ဆုများကိုလည်း ပေးအပ်သွားမည်ဟု သိရှိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...