ကျပ်သန်း ၄၅၃ အသုံးပြုုပြီး စစ်တွေမြို့ ဘီလူးမတံတားမှ သင်္ဘောဆိပ် မီးပွိုင့်ထိ နိုင်လွန် ကတ္တရာခင်း

ကျပ်သန်း ၄၅၃ အသုံးပြုုပြီး စစ်တွေမြို့ ဘီလူးမတံတားမှ သင်္ဘောဆိပ် မီးပွိုင့်ထိ နိုင်လွန် ကတ္တရာခင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမကြီးရှိ မြို့နယ်ချောင်း တံတား (ဘီလူးမတံတား) မှ မြောက်ဘက် သင်္ဘောဆိပ် အနီးရှိ မီးပွိုင့်အထိ ကွန်ကရစ်လမ်းပေါ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ နိုင်လွန် ကတ္တရာ ခင်းနေပြီး ကျပ်သန်း ၄၀၀ ကျော် အသုံးပြုသွားမည်ဟု သိရသည်။

“နိုင်လွန်ကတ္တရာ ခင်းနေတာ ၃၅ ရက်ရက်လောက် ကြာမယ်လို့တော့ ခန့်မှန်းပါတယ်။ ဘတ်ဂျက်က ၄၅၃ သန်းနဲ့ လုပ်နေတာပါ။ အာမခံချက်အနေနဲ့ AC ကတော့ ၅ နှစ်ပဲ ခင်ဗျ။ အခုမှ ၂ ရက်ပဲရှိသေးတယ်ခင်ဗျ၊ ခင်းတာတော့ ၁၀ ပေအကျယ် ပေ ၁၀၀၀ လောက်တော့ ပြီးသွားပါပြီးခင်ဗျ”ဟု ဆုထူးစံကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးဆန်းဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

njr0702

နိုင်လွန်ကတ္တရာခင်းနေသော လမ်းမကြီး မြို့လယ်တံတားမှ သင်္ဘောဆိပ် မီးပွိုင့်အထိ ပေ ၂ ထောင်ရှိပြီး ၄ ကြောင်းခွဲ၍ ခင်းသွားမည်ဖြစ်ကာ စက်ချွတ်ယွင်းမှု မရှိပါက တစ်ရက်လျင် ပေ ၄၀၀ နှင့် ရ၀၀ အကြားပြီးကြောင်း သိရသည်။

“နိုင်လွန်ကတ္တရာခင်းတာကတော့ ပုံမှန် ၂ လက်မ အမြင့်ခင်းရပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ ၄ လက်မက်ကနေ ၅ လက်မထိ ခင်းနေရပါတယ်”ဟု ဆုထူးစံကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးမောင်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆုထူးစံကုမ္ပဏီသည် လွန်ခဲ့သောနှစ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်ကလည်း နိုင်လွန်ကတ္တရာကို စစ်တွေလေယာဉ်ကွင်းမှ ဘီလူးမတံတားထိ ခင်းခွင့်ရသည့် ကုမ္မဏီလည်းဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...