တာချီလိတ်သို့ တရားမဝင် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတဦးအား အမှု ၂ မှု ဖြင့် အရေးယူထား

တာချီလိတ်သို့ တရားမဝင် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတဦးအား အမှု ၂ မှု ဖြင့် အရေးယူထား

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် တရားမဝင် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံ သားတဦးကို ရဲများက အမှု ၂ မှု ဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၁ ရက်နေ့က တာချီလိတ်ရဲများမှ တရားစွဲဆိုထားသည့်အမှု ၂ မှုမှာ မူးယစ် ဆေးဝါး မှု နှင့် တရားမဝင် လာရောက်နေထိုင်သည့် အမှုများဖြစ်သည်။

ထိုင်းနိုင်ငံသား အသက် ၃၇ နှစ် အရွယ်ရှိ Mr. Manonoi ကို ဇွန် ၉ ရက်နေ့ မနက် ၁၀ နာရီ ကျော်တွင် တာချီလိတ် ဝိန်းကျောက် ရပ်ကွက် ရှိ အိမ်တွင် WY မူးယစ်ဆေးပြား နှင့် အတူ တာချီလိတ် ရဲတပ်ဖွဲ့ မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လက်ရှိ မှာ ထိုင်းနိုင်ငံသား Mr.Manonoi ကို တာချီလိတ်မြို့မ ရဲစခန်း မှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရလည်းကောင်း၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူထားသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် လွန်ခဲ့သည့် ၁ လခန့် က တာလော့ရပ်ကွက် ရေချောင်းမှ တဆင့် တရားမဝင် ဝင်ရောက်လာခဲ့ပြီး ဝိန်းကျောက် ရပ်ကွက်တွင် အိမ်ခန်းငှားနေထိုင်ခဲ့သည်။

ထိုနည်းတူ ဇွန် ရရက်နေ့ ညတွင်လည်း ထိုင်းနိုင်ငံသား Manop Limtiv(ခ) TAM(ခ) မာနွတ်သည်လည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် တွင် မက်သာအက်ဖီတမင်း(အိုက်စ်) နှင့် အတူ တာချီလိတ် ရဲတပ်ဖွဲ့ မှဖမ်းဆီးရမိပြီး မယ(ပ) ရ၇/၂၀၁၉၊ မူး / စိတ် ပုဒ်မ ၁၉ (က) အရ အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ၀င်ရောက်လာသည့် ထိုင်းနိုင်ငံသား ကို အိမ်ခန်းငှားပေးသည့် ဦးဇော်နိုငမှာလည်း လက်ရှိတွင် တိမ်းရှောင်မှုနေကြောင်းသတင်းရရှိသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...