သျှမ်းမြောက်တွင် မတရားအသင်း ၁၇(၁) ဖြင့် တရားစွဲဆိုခံရသူ ၁၄ ဦး ရှိ

သျှမ်းမြောက်တွင် မတရားအသင်း ၁၇(၁) ဖြင့် တရားစွဲဆိုခံရသူ ၁၄ ဦး ရှိ

သျှမ်းပြည် မြောက်ပိုင်း တွင် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံရသူ ၁၄ဦး ရှိကြောင်း သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က ပြောကြားလိုက်သည်။

ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ၏ “ သျှမ်းပြည် မြောက်ပိုင်း အတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် အမှု ရင်ဆိုင် နေရသည့် အမှု နှင့် တရားခံ အရေး အတွက် သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း” ကို တရားသူကြီး ချုပ် ဦးကြွယ်ကြွယ် မှ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် တွင် မတရားအသင်း ဆက်သွယ် မှု ၁မှု နှင့် တရားခံ ၁ ဦး၊ လားရှိုးမြို့နယ် တွင် ၃ မှု နှင့် တရားခံ ၅ ဦး၊ ကျောက်မဲမြို့နယ်တွင် ရ မှု နှင့် တရားခံ ၈ ဦး ရှိကြောင်း၊ စုစုပေါင်း တရားစွဲဆို ခံထား ရသူ ၁၄ ဦး ရှိပြီး၊ အမှုပေါင်း ၁၁ မှု ရှိသည် ဟု ဦးကြွယ်ကြွယ် က ဖြေကြားခဲ့သည်။

ပလောင် နှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသများတွင် ၁၇(၁) ၊ ၁၇ (၂) ဖြင့် တရားစွဲဆိုခံထားရသူ မရှိကြောင်း လည်း ဦးကြွယ်ကြွယ်က ပြောကြားခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်း ဒေသသည် လက်နက်ကိုင် များ သွားလာလှုပ်ရှားနေသည့် နေရာ ဒေသဖြစ်ပြီး၊ လက်နက်ကိုင်များကို အရပ်သားပြည်သူများအနေဖြင့် မလွန်ဆန်နိုင်သည့် အတွက် ဆက်ဆံနေရကြောင်း၊ အရပ်သားပြည်သူများကို လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်သွယ် ၊ထောက်ပံ့၊ကူညီနေသည် ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းများကို လွှဲအပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၁၇(၁) နှင့် တရားစွဲနေသည် မှာ များစွာ ရှိကြောင်း ဦးစိုင်းထွန်းဉာဏ် က ပြောသည်။

ယခု အချိန်သည် တိုင်းရင်းသားများ အားလုံး ငြိမ်းချမ်းရေး ကို ကြိုးစားတည်ဆော်ကနေရသည့် အချိန် ကာလဖြစ်ပြီး ၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်နေရသည့် ကာလဖြစ်သည့်အတွက် ၁၇(၁) နှင့် တရားစွဲဆိုနေခြင်းကို လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် အထူး စိုးရိမ်ကြောင်းလည်း ဦးစိုင်းထွန်းဉာဏ် က ပြောကြားသည်။

ယခု နှစ် ဧပြီ ၂၆ ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုသည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) အတွက် ငွေကြေး ကောက်ခံပေးနေသည် ဟု ဆိုကာ အစိုးရ တပ်မတော် မှ ဖမ်းဆီးကာ ၁၇(၁) ဖြင့် တရားစွဲဆိုထားပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...