သျှမ်း/အရှေ့မိုင်းယောင်းတွင် တရားမဝင် တရုတ် ၄ ဦး ဖမ်းဆီးရမိ

သျှမ်း/အရှေ့မိုင်းယောင်းတွင် တရားမဝင် တရုတ် ၄ ဦး ဖမ်းဆီးရမိ

သျှမ်းပြည် အရှေ့ပိုင်း  မိုင်းယောင်းမြို့နယ်တွင် တရားမဝင် ခိုးဝင် လာသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဇွန် ၅ ရက် မနက် ရ နာရီခွဲက မိုင်းယောင်းမြို့အဝင် ဘီးခွန်ဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦး နှင့် ယာဉ်မောင်း စိုင်းအောင် တို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား ၄ ဦးအား တဦးလျှင် တရုတ်ငွေ ယွမ် ၁၅၀၀ နှုန်းကောက်ခံကာ အထူးဒေသ (၄)၊ နမ့်ပန်းရှိ ကျင်းရဲသို့ ပို့ဆောင်ပေးရန် တာချီလိတ်မှ တင်လာကြောင်း သိရသည်။

ထို တရုတ် ၄ ဦး သည် ကမ္ဘေားဒီးယား နိုင်ငံရှိ စားသောက်ဆိုင် တွင် အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ ထိုင်းနိုင်ငံသို့ ရောက်ခဲ့ကြောင်း၊ ဇွန် ၅ ရက် နံနက် ၄ နာရီခွဲ တွင် တာချီလိတ်မှ ကျင်းရဲ သို့ ထွက်ခွာ ခြင်းဖြစ်ကြောင်းဆိုပါသည်။

ယင်း ဖမ်းဆီးခံရသည့် တရုတ် အမျိုးသား ၄ ဦး နှင့် ကားမောင်းခေါ်ဆောင်လာသည့် ယာဉ်မောင်း စိုင်းအောင် ကို မိုင်းယောင်းမြို့မ ရဲစခန်း မှ စစ်ဆေးနေကြောင်း မြန်မာ့အလင်းသတင်းတွင်ဖော်ပြထားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...