စာသင်ကျောင်းနှင့် ဝေးလံသည့် ကျောင်းသားများကို Lesswalk မှ စက်ဘီး အခမဲ့ ပေးမည်

စာသင်ကျောင်းနှင့် ဝေးလံသည့် ကျောင်းသားများကို Lesswalk မှ စက်ဘီး အခမဲ့ ပေးမည်

မြန်မာနိုင်ငံအတွင်း ကျေးလက်၊ မြို့နေများ စာသင်ကျောင်းနှင့် ၂ ကီလိုမီတာ ဝေးကွာနေသည့်နေရာများတွင် နေထိုင်သည့် ကလေးများအတွက် စက်ဘီး Lesswalk ပေးသွားမည် ဟု သတင်းရရှိသည်။

စင်္ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံတွင် လုပ်ငန်းဖျက်သိမ်းလိုက်သည့် စက်ဘီး အငှား ကုမ္ပဏီ ဖြစ်သည့် ofo နှင့် oBike တို့မှ စက်ဘီးစီးရေ ၁ သောင်း ကို မြန်မာနိုင်ငံရှိ ချို့တဲ့နွမ်းပါး ကျောင်းသား ကလေးများအား ပေးအပ်သွားမည် ဟု Lesswalk တည်ထောင်သူ ဦးသန်းထွန်းဝင်း က ၄င်းပိုင် လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

ကျောင်းသို့ တမိုင် ကျော်ကျော် ခြေလျင်လျှောက် ကျောင်းတက်နေရသည့် ကလေးငယ်များကို အခမဲ့ ဖြန့်ဝေသွားမည် ဟု လည်း ဦးသန်းထွန်းဝင်း ၏ လူမှု ကွန်ရက်တွင် ရေးသားထားသည်။

စက်ဘီး များ ဝယ်ယူပြင်ဆင် သယ်ဆောင်ရသည့် စာရိတ် စုစုပေါင်း ဒေါ်လာ ၃ သိန်းခွဲ မှ ၄ သိန်း ကုန်ကျပြီး ကုန်ကျစာရိတ် တဝက်ကို စပွန်ဆာပေးမည်သူများက ပေးချေမည်ဖြစ်ပြီး ကျန် သည့် ငွေများကို Lesswalk မှ ကျခံသွားမည် ဟု သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ စက်ဘီး စီးရေ ၃ ထောင်တင်ဆောင်သည့် သင်္ဘော ရောက်ရှိနေပြီဖြစ်ပြီး ကျန်သည့် စက်ဘီးများကို ဇွန်လကုန်တွင် လည်းကောင်း၊ ၂၀၁၉ ခုနစ် နှစ်ကုန်တွင် လည်းကောင်း ရောက်ရှိမည့်ဖြစ်ကာ ကျောင်းသားလေးများအား စက်ဘီး ပေးအပ်နိုင်မည် ဟု မျှော်လင့်ထားကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...