မိုင်းပန်တွင် ဗုံးသီးဟောင်းတလုံး ပေါက်ကွဲမှု တဦးသေ၊ တဦး ထိခိုက်ဒဏ်ရာရ

မိုင်းပန်တွင် ဗုံးသီးဟောင်းတလုံး ပေါက်ကွဲမှု တဦးသေ၊ တဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု နောင်လေကျေးရွာတွင် ဗုံးသီးဟောင်းတလုံး ပေါက်ကွဲကာ အမျိုးသားတဦး သေဆုံးပြီး၊ အမျိုးသမီးတဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ ၃၁ ရက် ညနေ ၄ နာရီ ကျော်တွင် အသက် ၃၄ နှစ်အရွယ် ခွန်ဝိယသည် တောင်ယာသို့ သွားစဉ် ဗုံးသီးဟောင်းတလုံးကို နေအိမ်သို့ ကောက်ယူလာပြီး၊ နေအိမ်ရှေ့တွင် ပေါက်ကွဲခဲ့ကြောင်း မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့် က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ ခွန်ဝိယက လယ်ထဲကနေ ဗုံးတလုံးကိုတွေ့ပြီး လွယ်အိတ်ထဲ ကောက်ထည့်လာတာ။ နေအိမ်ရောက် တော့ ဗုံးကိုခေါက်ကြည့်တယ်။ ဗုံးပေါက်ကွဲပြီးတော့ သူကပွဲချင်းပြီး သေသွားတယ်။ သူ့ အမျိုးသမီးက တော့ ဒဏ်ရာရတယ်” ဟု မိုင်းပန်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းနောင့် က ဆိုသည်။

ဗုံးသီးဟောင်းသည် မည်သည့်အဖွဲ့ မှ မြုပ်နှံထားသည်ကို မသိရှိကြောင်း၊ ထိုဒေသတွင် သျှမ်းလူမျိုး နှင့် ပအိုဝ်းလူမျိုးတို့အများဆုံးနေထိုင်ကြောင်း စိုင်းနောင့် က ပြောသည်။

အဆိုပါ ဗုံးသီးပေါက်ကွဲမှုကြောင့် ခွန်ဝိယ ၏ ခန္ဓာကိုယ်သည် တစစီ ဖြစ်ကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ပြီး၊ ဇနီးသည် နန်းနွမ်း သည် နောက်ကျော တွင် ဗုံးစများထိမှန်ခဲ့ကြောင်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သျှမ်းပြည်နယ်အတွင်း မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်း များသည် နေရာအနှံ့ တွင် ရှိသဖြင့် တောင်ယာသွားသည့် သူများအနေဖြင့် မိုင်းကို တွေ့ရှိပါက ကောက်ယူခြင်း၊ ဆော့ကစားခြင်း မပြုလုပ်ရန် လည်း မြေမြုပ်မိုင်း အသိပညာပေး အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...