ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွား

ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွား

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် နားလုံကျေးရွာတွင် ဆိုလာပြားဖြင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အမျိုးသမီး ငယ် တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁ ရက်နေ့က နားလုံကျေးရွာ တွင် ဆိုလာပြားနှင့် ချိတ်ထားသည့် ဘတ္ထရီ အိုးဖြင့် လက်ကိုင်ဖုန်း အားသွင်းစဉ် အပူလွန်ကဲရာ မှ ဖုန်းပေါက်ကွဲကာ အသက် ၁၅ နှစ် အရွယ်ရှိ နန်းခမ်းပိုင်း မီးလောင်ကာ သေဆုံးခဲ့ကြောင်း ဟိုးပုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ ဆိုလာပြားနဲ့ ချိတ်ထားတဲ့ ဘတ္ထရီ အိုး ကနေ ဖုန်း အားသွင်းတယ်။ အဲ့မှာ ဖုန်းက အပူလွန်ပြီး ပေါက်ကွဲ တယ်။ အိပ်ယာခင်းကို မီးကူးပြီး မီးလောင်သွားတာပါ” ဟု ဟိုပုံးမြို့မ ရဲစခန်း က တာဝန်ရှိသူတဦးကပြောသည်။

အဆိုပါ အိမ်မီးလောင်မှုကို မိသားစု ဝင်များနှင့် အိမ်နီးနားချင်းများက မီးကူဝိုင်းငြိမ်းသတ်ခဲ့ပြီး၊ အသက် ၁၅ နှစ်အရွယ် နန်းခမ်းပိုင်းကိုမူ မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ထို မိန်းကလေး မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် ဟိုပုံးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ / ၃၀၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲစခန်းမှ သိရသည်။

မေ ရ ရက်နေ့တွင်လည်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဝါယာရှော့ကြောင့် ဖုန်းအားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အသက် ၃၀ ကျော် အမျိုးသားနှင့် အမျိုးသမီး သေဆုံးခဲ့သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...