ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကို နောင်ချို တိုးဂိတ်တွင် ဖမ်းရမိ

ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကို နောင်ချို တိုးဂိတ်တွင် ဖမ်းရမိ

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့တွင် တိုးဂိတ်တွင် ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖမ်းဆီရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်ချက် အရ သိရသည်။

နောင်ချိုမြို့ အဝင် မူဆယ်-မန္တလေးကားလမ်းပေါ်ရှိ အိုရီယမ်တယ် တိုးဂိတ် အနီးတွင် ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းများကို NISSAN အမျိုးအစား မော်တော်ယာဉ် တွင် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

အဆိုပါ ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား( ကာလပေါက်စျေး ကျပ်ငွေ ၁၂၀၀သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၁ကီလို (ကာလပေါက်စျေး ကျပ် ၉ သိန်း) တို့ဖြစ်ပြီး၊ ဖုန်း ၂လုံး နှင့် မြန်မာ ငွေ ၅သိန်း တို့ သိမ်းဆဆည်းရမိကြောင်း သိရသည်။

ထို မူးယစ်ဆေးဝါးကို သယ်ဆောင်လာသည့် ယာဉ်မောင်း အသက် ၃၀နှစ် ကိုလေး(ခ) အေးကို နှင့် အသက် ၄၆ နှစ် အရွယ် ရှိ မအေးလုံ ကို နောင်ချိုမြို့မ ရဲစန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါး များ ဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူထားသည် ဟုထုတ်ပြန်ချက်တွင်ရေးသားထားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...