မင်းပြားမြို့နယ် ရွှေတမာကျေးရွာအနီး ၅ နာရီကြာတိုက်ပွဲဖြစ်

မင်းပြားမြို့နယ် ရွှေတမာကျေးရွာအနီး ၅ နာရီကြာတိုက်ပွဲဖြစ်
(ဓာတ်ပုံ- မြောင်းဘွေဆေးရုံတွင်ကျည်ဆံထိမှန်နေပုံ/ Credit မူရင်းဓာတ်ပုံရိုက်သူ)
(ဓာတ်ပုံ- မြောင်းဘွေဆေးရုံတွင်ကျည်ဆံထိမှန်နေပုံ/ Credit မူရင်းဓာတ်ပုံရိုက်သူ)

သိန်းဇော်(မောင်တော) - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေတမာကျေးရွာနှင့် အောင်တိုင်မူဆလင်ရွာအကြားတွင် မြန်မာတပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော် ( AA) တို့ ဇွန်လ ၂ ရက်နေ့က ၅ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ရွှေတမာကျေးရွာအုပ်ချုပ်ရေးမှူးက “ ပြင်းတယ်ဆရာ၊ သိပ်ပြင်းတယ်။ နှစ်ဘက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ချနေကြတယ်။ မြောက်ဦး ၅၄၀ တပ်ရင်းကလည်း တိုက်ပွဲ ဖြစ်ပွားရာအနီးက တောင်တွေကို လက်နက်ကြီးနဲ့ လှမ်းထုပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ဆက်သွယ်ပြီး မေးမြန်းစဉ် ပြောကြားသည်။

ရဲတပ်ဖွဲ့ ၄ ဦးအပါအဝင် အင်အား ၁၀၀ ကျော်ပါ တပ်မတော်စစ်ကြောင်း တစ်ခုသည် ရွှေတမာ ကျေးရွာတွင် ၂ ရက် ရပ်နားပြီး အိမ်ထောင်စုစာရင်းစစ်၍ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ရွာက ပြန်အထွက် ရွှေတမာရွာနှင့် အောင်တိုင်မူဆလင်ကျေးရွာအကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို တောင်ဖီလာအိုင်ဟု ခေါ်ပြီး ၎င်းအနီးရှိ တောင်နှစ်လုံးကို ချစ်စံဝေတောင်နှင့် အောင်ဇံဝေတောင်ဟု ခေါ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ရွှေတမာကျေးရွာမှ အမျိုးသမီး တစ်ဦးက “ အခုတရွာသားလုံး ဘုန်းတော်ကြီးကျောင်းကို ရောက်နေပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာခိုလုံနေကြပါတယ်။ ရွာမှာတော့ ဘာမှ ဖြစ်တာမရှိပါဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေက ရွာပြင်က ကြားနေရသလို ပေါက်ကွဲတာတွေလည်း ရွာပြင်မှာ ရှိနေပါတယ်” ဟု ညနေ ၅ နာရီကျော်က ဆက်သွယ်စဉ် ပြောကြားသည်။

ယခုတိုက်ပွဲမှာ ရွှေတမာကျေးရွာအနီးတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း ဖြစ်ပြီး ရွာသားများအနေဖြင့် စိုးရိမ်ကြောက်လန့်သဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးခိုလုံခဲ့ရကြောင်း၊ ညနေစာ ထမင်းကိုလည်း ဘုန်းတော်ကြီးကျောင်းတွင် ဝိုင်းဝန်း ချက်ပြုတ်၍ စားသောက်ခဲ့ရသည်ဟု သူမက ပြောဆိုသည်။

မြောက်ဦးအခြေစိုက် တပ်ရင်းများမှ အမြောက်ကြီးများဖြင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးအနားရှိ တောင်များသို့ လှမ်းပစ်နေသဖြင့် လက်နက်ကြီးအသံများကို မြောက်ဦးမြို့ပေါ်ကပါ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေတိုက်နယ်ဆေးရုံ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့တွင် ကျည်ဆံများနှင့် လက်နက်ကြီးအစများ ထိမှန်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၇ နာရီကျော်မှာ သေနတ်သံများ တိတ်ဆိတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွာသားများသည် ဇွန်လ ၂ ရက်နေ့ တိုက်ပွဲကြောင့် အိမ်သို့ မပြန်ဘဲ ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ခဲ့ကြသည်ဟု သိရသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...