ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျားများကို စာသင်ကျောင်းတွင် စုထားပြီး ခေါ်ယူစစ်ဆေးနေသဖြင့် စိုးရိမ်မှုများမြင့်တက်နေ

ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျားများကို စာသင်ကျောင်းတွင် စုထားပြီး ခေါ်ယူစစ်ဆေးနေသဖြင့် စိုးရိမ်မှုများမြင့်တက်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျားများအား ရွာရှိ အစိုးရ အလယ်တန်းကျောင်းသို့ ခေါ်ယူ စုထားပြီး စစ်တပ်မှ စစ်ဆေးနေသဖြင့် အထူးစိုးရိမ်နေကြသည်ဟု လင်ယောင်္ကျားဖြစ်သူကို စာသင်ကျောင်းသို့ ခေါ်ယူခံထားရသူ အမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၃ နာရီမှ ဆက်သွယ်စဉ် နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ရွာသားတွေ အကုန်လုံးကို နံနက် ၈ နာရီလောက်မှာ စာသင်ကျောင်းကို ခေါ်ပြီး စုထားပါတယ်။ ၁၀ နာရီကျော်လောက်မှာ အမျိုးသမီးတွေကို ပြန်လွတ်ပါတယ်။ အခု ယောင်္ကျားတွေကို စာသင်ကျောင်းမှာ စုထားပါတယ်။ ထမင်းလည်း မစားကြရသေးပါဘူး။ ကျွန်မတို့ရွာက အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ တစ်အိမ်တစ်ယောက် ဆိုရင်လည်း ခေါ်ထားတဲ့လူက ၅၀၀ ကျော်လောက်ရှိပါမယ်” ဟု ၎င်းက ပြောကြားသည်။

အခုလက်ရှိတွင် အိမ်ထောင်စုစာရင်းများကို လာပို့ရန် တောင်းခံထားပြီး အိမ်ထောင်စု စာရင်းနှင့် အတူ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောကြားသည်။

“ အခုတော့ ကျောက်တန်းမှာလို ရိုက်နှက်စစ်ဆေးမှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ စာသင်ကျောင်းထဲမှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ စိုးရိမ် နေကြပါတယ်။ ကျောက်တန်းမှာလို ဖြစ်မှာကို အထူး စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

ဆင်သီကျေးရွာ ဘုန်းတော်ကြီကျောင်းဆရာတော်က “ဒီမနက်ပိုင်းရွာမှာ ယောကျ်ား/မိန်းမ အားလုံးကို စစ်တပ်က စာသင်ကျောင်းကို ထွက်လာဖို့ ရွာထဲမှာ အော်ပြီးပြောနေတာကြားပါတယ်။ စစ်ဆေးမေးမြန်းဖို့ ထင်တာပဲ။ မိန်းမတွေကိုတော့ ပြန်လွတ်လိုက်တယ်။ ဦးဇင်းတော့လည်း ကျောင်းထဲမှာဆိုတော့ တိတိကျကျ မသိရသေးဘူး”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဖုန်းဖြင့် ၂ ကြိမ်တိုင်တိုင် ဆက်သွယ်ရာ လက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် ခေါ်ယူစစ်ဆေးနေခြင်းနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...