ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ညီလာခံကျင်းပ

ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ညီလာခံကျင်းပ

ရခိုင်ပြည်နယ်အတွင်း အင်အားအကြီးဆုံးနှင့် ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ ဒုတိယအကြိမ် ပါတီညီလာခံကို စစ်တွေမြို့အာရီယန် ခန်းမတွင် ကျင်းပ ပြုလုပ်နေသည်။

ညီလာခံကို မေလ ၃၀ နေ့နံနက် ၉နာရီတွင် ရှေးရိုးရာအစဉ်အလာအတိုင်း ခရုသင်းမှုတ်ကာ ရခိုင်မင်္ဂလာစည်တော်တီးခတ်ပြီး ဖွင့်လှစ်ခဲ့သည်။

ညီလာခံ၏ ပြန်ကြားရေးကော်မတီတာဝန်ခံ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက “ ကျနော်တို့ကအခု ဆိုလို့ရှိရင် ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတာ ဖြစ်တယ်။ ၅ နှစ် တစ်ကြိမ် ကျင်းပရမယ်ဆိုတဲ့အတိုင်း ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ပါတီရဲ့စည်းမျဉ်းစည်းကမ်းအရ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ကျင်းပနေသော ညီလာခံသည် အရေးကြီးသော ညီလာခံတစ်ခုဖြစ်ပြီး ပါတီ၏ လစ်လပ်နေသော ဥက္ကဋ္ဌနေရာကို ရွေးချယ်တင်မြောက်မည့် အပြင် ခေါင်းဆောင်များနှင့် မူဝါဒ အပြောင်းအလဲများကိုလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

“ ကျနော်တို့ ပြောင်းလဲသင့်တဲ့အခါမှာ လိုအပ်နေတဲ့ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိလာမယ်။ နောက်ပြီးတော့ ကျနော်တို့ပါတီမှာ အပြောင်းအလဲတွေလုပ်ချင်တယ်။ လူငယ်တွေကိုအစားထိုးချင်တယ်။ အမျိုးသမီးတွေကိုအစားထိုးချင်တယ်။ နောက်ပြီးတော့ ကျနော်တို့ ပါတီမှာ မူဝါဒပိုင်းဆိုင်ရာ ဦးဆောင် ကော်မတီ ဆိုတာကြီးကိုလည်း အစားထိုးပြီတော့ ဖွဲ့စည်းချင်တယ်။ ဒီညီလာခံမှာတော့ ပြောင်းလဲမှုတွေ ရှိလာမှာပါ”ဟု ဦးအောင်ဝင်းက ပြောဆိုသည်။

ယခင်ကရှိခဲ့သည့် ဗဟိုကော်မတီဝင်အင်အားကို လျှော့ချပြီး ကျစ်လစ်ခိုင်မာအောင် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ပါတီတွင်း လစ်လပ်နေသည့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် အခြားပါတီထိပ်ပိုင်းခေါင်းဆောင်နေရာများကိုလည်း အစားထိုး ရွေးချယ်တင်မြောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ ပါတီကိုယ်စားလှယ် ၂၂၀ ကျော်တက်ရောက်နေပြီး မြို့နယ်တစ်ခုမှ ပါတီ ကိုယ်စားလှယ် ၅ ဦး၊ မြို့နယ်တစ်ခုမှ သီးသန့် ရွေချယ်ထားသည့် ကိုယ်စားလှယ် ၁ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေသည်ဟုသိရသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမအကြိမ်ပါတီညီလာခံကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက သံတွဲမြို့နယ် ငပလီမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...