တရုတ်နိုင်ငံသို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်ကဒ် ဖြင့် အလုပ်သွားလုပ်ပါက တရားမဝင်

တရုတ်နိုင်ငံသို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်ကဒ် ဖြင့် အလုပ်သွားလုပ်ပါက တရားမဝင်

တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် အလုပ်သွားလုပ်ပါက တရားမဝင်ကြောင်း မေ ၂ရ ရက်စွဲဖြင့် တရုတ်နိုင်ငံပေကျင်းမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသို့ ယာယီ နယ်စပ်ဖြတ်သန်း ခွင့် လက်မှတ်ဖြင့် နှစ်နိုင်ငံ နယ်စပ် ဝင်၊ထွက် ဂိတ်များမှ ဝင်ရောက်လုပ်ကိုင်ခြင်းသည် တရားမဝင်သည့်အပြင် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း လည်း ဖော်ပြထားသည်။။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မည့် မြန်မာ နိုင်ငံသားများ အနေဖြင့် မြန်မာ နိုင်ငံကူး လက်မှတ် နှင့် သက်ဆိုင်ရာ ဗီဇာ ရယူပြီးမှ လာရောက်ရန် လည်း တရုတ်နိုင်ငံပေကျင်းမြို့ မြန်မာသံရုံးက မေလ ၂၇ ရက် ၂၀၁၉ ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များဖြင့် ဝင်ရောက် အလုပ်လုပ်ခြင်း၊ မည်သည့်အထောက်အထားမျှမရှိဘဲ အလုပ်လုပ်ခြင်း၊ အလုပ်လုပ်ခွင့် ပါမစ်နှင့် သက်ဆိုင်ရာ ဗီဇာ ရယူခြင်းမရှိဘဲ ဝင်ရောက် လုပ်ကိုင်ပါက တရားမဝင် အလုပ်လုပ်ခြင်းဖြစ်ပြီး အလုပ်သမား အခွင့်အရေး ဆုံးရှုံးနိုင်သည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံအတွင်းနေထိုင်သည့်အခါ မိမိ၏ နိုင်ငံကူးလက်မှတ်နှင့် နို်င်ငံသား စိစစ်ရေး ကဒ်ပြား မူရင်း မိတ္တူများကို ကိုယ်နှင့်မကွာ သိမ်းဆည်းထားရန်လည်း ရေးသားထားသည်။

တရုတ်နိုင်ငံ အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲ ကြုံတွေ့ပါက မိမိရောက်ရှိသည့် ဒေသ ၏ အနီးဆုံးဌာနသို့ သွားရောက် အကူအညီ တောင်းခံနိုင်ကြောင်းနှင့် မြန်မာသံရုံး ပေကျင်းမြို့ ကိုလည်း ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း ပေကျင်းမြို့ မြန်မာသံရုံး ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

“ တရုတ်နိုင်ငံ ကို သွားလုပ်မယ့်အလုပ်သမားတွေ အနေနဲ့ သံရုံး ထုတ်ပြန်ချက်နဲ့ တရုတ် အာဏာပိုင် က ထုတ်ပြန်ချက်တွေကို သေချာ နားထောင် သင့်တယ်။ ယာယီ နိုင်ငံသားကဒ်( တခါသုံးကဒ်) နဲ့ တရုတ်ဘက်ကို အလုပ်သွားမလုပ်ဖို့ ပဲ ပြောချင်တယ်” ဟု တရုတ်နိုင်ငံတွင် အလုပ်သွားလုပ်သည့် အမျိုးသားတဦး ပြောသည်။

တရုတ်ပြည်သို့သွားရောက် အလုပ်လုပ်မည်ဆိုပါက အဓိက အနေဖြင့် နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ကဒ် ၊အလုပ်လုပ်သည့် ကဒ် နှင့် ကျန်းမာရေး ထောက်ခံစာတွေကို မိမိနှင့် အပါ တွင် ထားရန် လည်း လိုအပ်ကြောင်းလည်း အဆိုပါ အမျိုးသားက ပြောသည်။

တရုတ်နိုင်ငံရောက် သည့် မြန်မာနိုင်ငံသားအနေဖြင့် အခက်အခဲ ကြံုတွေ့ပါက ပေကျင်းမြန်မာသံရုံး ဖုန်း +၈၆ ၀၁၀ ၆၅၃၂၀၃၅၁ လိုင်းခွဲ ၂၄- ၂၃ နှင့် +၈၆ ၀၁၀ ၆၅၃၂၄၅၅၄ ကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...