ဒုသမ္မတ ဟောင်း Dr.စိုင်းမောက်ခမ်း၏ဇနီး ထိုင်းနိုင်ငံတွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိ

ဒုသမ္မတ ဟောင်း Dr.စိုင်းမောက်ခမ်း၏ဇနီး ထိုင်းနိုင်ငံတွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိ

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းရှိ မဟာကျူလားလုံးကွန်းတက္ကသိုလ်မှ ဒုသမ္မတ(ဟောင်း) ဒေါက်တာစိုင်းမောက်ခမ်း ၏ဇနီး နန်းရွှေမှုံအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မေလ ၂၆ ရက် ၂၀၁၉ ခုနှစ်က အဆိုပါဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ရာတွင် မဟာကျူလားလုံးကွန်း တက္ကသိုလ်မှပေးသော အဝေးသင်တက္ကသိုလ်ကျောင်းသားများထောင်ချီ နှင့်အတူ နန်းရွှေမှုံအား ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

“ဒကာမကြီး ဒေါ်နန်းရွှေမှုံ ကတော့ သာသနာရေး၊ ပညာရေး၊ လူမှုရေး၊ လက်တွေ့ နယ် ပယ်လုပ်ငန်းတွေကို အထူးဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တဦးအနေနဲ့တက္ကသိုလ်ကနေ ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကနေပေးအပ်ချီးမြှင့်တဲ့ ဆု လက်ခံဖို့ သျှမ်းပြည်သား ၃ ဦး ဖိတ်ကြားခံရပါတယ်။ ဒေါ်နန်းရွှေမှုံ အပါအဝင် ဒေါ်နန်းမောက်လောဝ်ဆိုင်နဲ့ သာသနာပြုဆရာတော် စဝ်ခူးတင်းတိုင်း တို့ဖြစ်ပါတယ်။ အားလုံး ကတော့ သာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီး ဂုဏ်ပြုတဲ့ဆုဖြစ်ပါတယ် ”- ဟု ကူညီဆောင်ရွက်ပေးသည့် သံဃာတော် ဦးနရိန္ဒ ကမိန့်တော်မူသည်။

ဒေါ်နန်းရွှေမှုံမှာ လူမှုရေးလုပ်ငန်းများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ စစ်ဘေး ရှောင် များအား ကူညီထောက်ပ့ံပေးခြင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုမြင့်တင်ရေးတွင် ကူညီထောက်ပ့ံမှုများ ပေးခြင်း၊ မိဘမဲ့ဂေဟာအားထောက်ပ့ံပေးခြင်း၊ ပညာရေးတွင်လည်း ကူညီထောက်ပ့ံ မှုများပေးသည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်ခြင်းတို့ကြောင့် ဂုဏ်ပြုခြင်း ခံရခြင်းဖြစ် သည်ဟုလည်း သိရသည်။

ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းကိုလည်း ၂၀၁၆ ခုနှစ်က အလားတူ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို မဟာကျူးလားလုံးကွန်းတက္ကသိုလ်ကပင် ချီးမြှင့်ခဲ့ပါသည်။

ယခုနှစ် မဟာကျူလားလုံးကွန်းတက္ကသိုလ်တွင် ဘွဲ့ဆွတ်ခူးရရှိသူ ထောင်နှင့်ချီရှိပြီး (ထိုအနက် ပြည်တွင်း ပြည်ပ မှ) သျှမ်းလူမျိုး ဆရာတော် သံဃာတော်များနှင့် ကျောင်းသားလူငယ်များ စုစုပေါင်း ၄၄ ဦး Ph.D ၊ B.A ၊ M.A ဘွဲ့များဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဘွဲ့ဆွတ်ခူးရရှိသည့် သျှမ်းပြည်သား (သျှမ်းပြည်တွင်းနှင့်ထိုင်းနိုင်ငံမှ ) ကျောင်းသားများအား မဟာကျူးလားလုံးကွန်းတက္ကသိုလ်သို့ လာရောက် အားပေးသည့် မိဘဆွေမျိုး အပေါင်းအသင်းများစုစုပေါင်း ၆၀၀ ခန့်ရှိသည်ဟုသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...