ဘင်္ဂလာဒေ့ရှ်က မြန်မာနိုင်ငံသားငါးဖမ်းသမား ၉၁ ဦးကို လွဲပြောင်း

ဘင်္ဂလာဒေ့ရှ်က မြန်မာနိုင်ငံသားငါးဖမ်းသမား ၉၁ ဦးကို လွဲပြောင်း
by -
နိရဥ္စရာ
ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကော့စ်ဘဇားခရိုင် ခေါင်းတုံး နယ်ခြားစောင့် စခန်းတွင် ပြုလုပ်သော နှစ်ဘက်နိုင်ငံ တပ်မှူးများ အဆင့် အလံတင် ဆွေးနွေးပွဲတွင် မြန်မာငါးဖမ်းသမား ၉၁ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက လွဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

၎င်းငါးဖမ်းသမား ၉၁ ဦးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ငါးဖမ်းလှေများနှင့် အတူ ဘင်္ဂလာဒေ့ရှ် ရေတပ်က သူ့ပိုင်နက်အတွင်း ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ဖမ်းဆီးပြီးနောက် ကော့စ်ဘဇား ခရိုင်တရားရုံးကထောင် ၁ နှစ်ချမှတ်ခဲ့ပြီး ကော့စ်ဘဇား အကျဉ်းထောင်ထိန်းသိမ်းထားခဲ့သည်။ ထောင်သက်တမ်း ၁ နှစ် ပြည့်ပြီးနောက် ဘင်္ဂလာဒေ့ရှ်ဘက်က မြန်မာဘက်သို့ စာရေး အကြောင်းကြားရာ မြန်ဘက် လက်ခံသဖြင့် ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွဲပြောင်းလိုက်ခြင်း ဖြစ်သည်။

အိုကီးယားမြို့ အခြေစိုက် အမှတ် ၃၄ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး အိစမန် အူလ္လာမှ ထိုသို့ လွဲပြောင်းလိုက်ခြင်းကို ဒေသအတွင်းမှ မီဒီယာများသို့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ဖမ်းဆီး၍ လွဲပြောင်းခံရသူများမှာ ဘင်္ဂလီလူမျိုးများ ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ်က စုစုပေါင်း ၉၂ ဦးဖြစ်ကြောင်း၊ တစ်ဦးမှာ ကော့စ်ဘဇားထောင်ထဲတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

(ဓာတ်ပုံမှာ နို၀င်ဘာ ၂၄ ရက်နေ့က ကော့စ်ဘဇားတွင် ပြုလုပ်နှစ်နိုင်ငံ တပ်မှူးအဆင့် အစည်းအဝေး ဖြစ်ပါသည်။)

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...