မိုးနဲမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းမြို့နယ်တော်တော်များများ သောက်သုံးရေပြတ်လပ်မှုများကြုံတွေ့ရ

မိုးနဲမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းမြို့နယ်တော်တော်များများ သောက်သုံးရေပြတ်လပ်မှုများကြုံတွေ့ရ

သောက်သုံးရေအဓိကပြတ်လပ်နေသော မြို့နယ်များမှာ မိုးနဲ ၊ ကလော ၊ညောင်ရွှေ၊ ရွာငံ ၊ ပင်းတယမြို့နယ်များဖြစ်ပြီး ဒေသဆိုင်ရာ လွှတ်တော်အမတ်များ ၊လူငယ်များအဖွဲ့နှင့် ဌာနဆိုင်ရာတချို့တို့မှ ရေရရှိရေး ဆောင်ရွက်ပေးနေကြကြောင်းသိရသည်။

“မိုးနဲမြို့နယ် ပြည်နယ်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်က – ကျနော်တို့မိုးနဲမှာဆိုရင် အခုရေအခက်အခဲဖြစ်နေတာက ၀မ့်ယေး၊ ၀မ့်ကွန်းလုံ နဲ့ဝမ့်လွယ်ချိုရွာတွေဘက်မှာဖြစ်တယ်။ ၀မ့်ယေးရွာအတွက် အခုကျနော်တို့ ဆောင်ရွက်နေပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့နဲ့အတူ အရင်က ရှိခဲ့ဖူးတဲ့ နမ့်ဟူး- ၀မ့်ယေး ရေပိုက်၊ ပျက်စီးနေတာတွေကိုအခု အသစ်ပြန်ထည့်ပေးတယ်။ ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ရေလှောင်ကန်ကလည်း အခုပျက်စီးနေပြီမို့ အသစ်ပြန်တူးပေးမယ် ရေလှောင်ကန် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုးနဲမြို့တွင် သောက်သုံးရေအခက်ခဲဆုံးမှာ ၀မ့်ကွန်းလုံဖြစ်ကြောင်း၊ ကုန်းပေါ်တွင်တည်ရှိသဖြင့် ရေရှားပါးခက်ခဲရခြင်းဖြစ်ကြောင်း စိုင်းမွန်းလိန် က ပြောသည်။

“မနှစ်က ၀မ့်ကွန်းလုံရွာမှာ ကျနော်တို့ ရေတွင်းသွားတူးပေးတယ်။ အဲတာက မအောင်မြင်တော့ ဒီနှစ် ၂ တွင်းထပ်သွားတူးပေးတယ်။ တတွင်းဘဲရေထွက်တယ်။ အဲတာတောင် ခပ်ခပ်နားနားလုပ်ရတယ်။ တရွာလုံးအတွက် အလုံအလောက်မပေးနိုင်ဘူး။ နမ့်ဟူးကန်ကနေ ရေထပ်သွယ်ပေးရမယ်။ ၁၀ မိုင်လောက်ဝေးတယ် ဒီဝမ့်ကွန်းလုံရွာနဲ့ နမ့်ဟူးနဲ့က။ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကွင်းဆင်းမယ်လို့ကြားတယ်။ ကျနော် တင်ပြပါဦးမယ် ၀န်ကြီးချုပ်ဆီမှာလည်း။ နမ့်ဟူး – ၀မ့်ကွန်းလုံ ရေသွယ်ပြီးတာနဲ့ နမ့်ဟူး ၀မ့်လွယ်ချို လည်းချက်ချင်းရေသွယ်ပေးမယ် ”- ဟု စိုင်းမွန်းလိန်က ပြောသည်။

လက်ရှိတွင် မိုးနဲမြို့နယ်အတွင်း သောက်သုံးရေပြတ်လပ်နေသောရွာများမှာ အိမ်ထောင်စု ၅၀-၆၀ ခန့်ရှိ ၀မ့်ယေးရွာ ၊ အိမ်ထောင်စု ၁၀၀ ခန့်ရှိ ၀မ့်ကွန်းလုံရွာ၊ အိမ်ထေင်စု ၂၅ စုခန့်ရှိ ၀မ့်လွယ်ချိုရွာတို့ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသည့်လူငယ်အဖွဲ့က ယခုနှစ် သျှမ်းပြည်နယ်အတွင်း သစ်တော သစ်ပင်ပြုန်းတီးမှုကြောင့် ရာသီဥတုလည်း ယခင်နှစ်များထက်ပိုမိုပူပြင်းခြောက်သွေ့ကြောင်း၊ အမြင့်ပေ ၄၀၀၀ ကျော်ရှိတောင်ကြီးမြို့တွင်ပင် ယခုနှစ် ပန်ကာဖွင့်ရသည်အထိပူကြောင်း၊ သောက်သုံးရေမှာလည်း ယခင်နှစ်များထက်ပိုမိုရှားပါးလာကြောင်းပြောဆိုလိုက်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...