ချင်းပြည်နယ်၏ ဒုတိယမြောက် လေယာဉ်ကွင်းကို မတူပီမြို့နယ် လိုင်လင်ပီးမြို့တွင် တည်ဆောက်မည်

ချင်းပြည်နယ်၏ ဒုတိယမြောက် လေယာဉ်ကွင်းကို မတူပီမြို့နယ် လိုင်လင်ပီးမြို့တွင် တည်ဆောက်မည်

ချင်းပြည်နယ်၏ ဒုတိယမြောက် လေယာဉ်ကွင်းကို မတူပီမြို့နယ် လိုင်လင်ပီးမြို့တွင် Mission Aviation Fellowship (MAF) အဖွဲ့မှ တည်ဆောက်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဦးစိုးထက်က “ဟုတ်တယ် အဲဒီမှာလေယာဉ်ကွင်းတည်ဆောက်မှာပါ။ သူတို့ ကွင်းဆင်းလေ့လာပြီးတော့ တည်ဆောက်နေတာ တော်တော်များများတောင်ပြီးနေပြီ။ မေလ (၄) ရက်နေ့က ဝန်ကြီးချုပ်နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေသွားပြီးတော့ ပန္နက်ချတယ်၊ အဲဒီဟာကို  အင်္ဂလန်နိုင်ငံအခြေပြု MAF - Mission Aviation Fellowship အုပ်စုက ဆင်းရဲတဲ့တိုင်းပြည်မှာ လေယာဉ်ကွင်းအသေးစားလေးတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေးအဆင်ပြေဖို့ တည်ဆောက်မှာပါ” ဟု ပြောသည်။

အဆိုပါ အသေးစားလေယာဉ်ကွင်း တည်ဆောက်မှုအတွက် Mission Aviation Fellowship (MAF) အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ ၂ သန်း ကုန်ကျခံတည်ဆောက်သွားမည်ဖြစ်သည်။

လေယာဉ်ကွင်းပြေးလမ်းအနေဖြင့် ပေပေါင်း (၃) ထောင်ကျော်ရှည်လျားမည်ဖြစ်ပြီး အကျယ် ပေ ၁၅၀ ရှိမည်ဖြစ်ကာ လူဦးရေ ၁၅ ဦးအထိသာ တင်ဆောင်နိုင်မည့် လေယာဉ်ကွင်းအသေးစားဖြစ်သည်။

ဦးစိုးထက်က  “ အခုနိုင်ငံတော်ကတောင် ဆောက်ပေးဖို့ ခက်ခဲတဲ့အချိန်မှာ အဲလိုပြည်ပအကူအညီနဲ့ ဆောက်တယ်ဆိုတော့ ဒီလိုမထင်မှတ်ပဲ ချင်းပြည်နယ် လိုင်လင်ပီးမြို့လေးမှာ လေယာဉ်ကွင်းဆောက်မယ်ဆိုတာ ဘယ်သူမှလည်းမျှော်လင့်မှာမဟုတ်ဘူး။ ဒါပေမဲ့နယ်မြေအခြေအနေအရ ဒီလိုမျိုးခက်ခဲတဲ့နေရာမျိုးမှာ နိုင်ငံတစ်ကာကအကူအညီနဲ့ ဒါကိုဆောက်တယ်ဆိုတာ တော်တော်ကျေးဇူးရှိပါတယ်။ ချင်းပြည်အတွက်တော့ တကယ့်လိုအပ်ချက်ပဲ။ ဒီတစ်ကွင်းဆောက်ပြီးရင်နောက်ထပ် သူတို့အကူအညီနဲ့ တဖြေးဖြေး ဆောက်နိုင်တဲ့နေရာတွေမှာ ဆောက်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ ချင်းပြည်နယ်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ အများကြီးအထောက်အကူပြုမှာပေါ။့ နောက်အရေးပေါ်အခြေအနေမျိုးမှာလည်းသုံးလို့ရတယ်ပေါ့” ဟုပြောသည်။

စီမံကိန်းကို ၂၀၂၀ တွင်အပြီးတည်ဆောက်ပြီးလျှင် ယခင်က ပလက်ဝမြို့နယ်တွင် အသုံးပြုခဲ့သည့် လေယာဉ်ကွင်းကိုလည်း လေယာဉ်ပြန်လည်ပြေးဆွဲနိုင်ရန် ပြုပြင်သွားမည်ဖြစ်ကြောင်း ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် လေယာဉ်ကွင်းအသေးစားများရှိလာနိုင်ရန် ပြည်နယ်အစိုးရမှ ဟာခါး၊ ထန်တလန်၊ တီးတိန်နှင့် ပလက်ဝမြို့နယ်များတွင် ကွင်းဆင်းလေ့လာမှုများပြုလုပ်နေပြီဖြစ်ပြီး ဖလမ်းမြို့တွင်တည်ဆောက်နေသည့် ပေ ၆ ထောင်ကျော်ပြေးလမ်းရှည်မည့် လေယာဉ်ကွင်းအလတ်စားတည်ဆောက်မှုမှာလည်း ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...